Foldable ဖုန်းဈေးကွက်အတွက် အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက် ဖြစ်လာမလား

           High-End ဖုန်းတွေ ထုတ်လာနေတဲ့ Honor ကနေ ဒီနှစ်ထဲမှာ Honor Magic X နာမည်နဲ့ ကုမ္ပဏီရဲ့ ပထမဆုံးFoldable ဖုန်း ထုတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

           Huawei ကနေ ခွဲထွက်ပြီး ကိုယ်ပိုင် Brand အဖြစ် ရပ်တည်လာတဲ့ Honor ဟာ ဒီနှစ်ထဲမှာ ခြေလှမ်းသွက်သွက်နဲ့ စမတ်ဖုန်းလောကထဲ ဝင်ရောက်လာနေပါတယ်။ အခုတစ်ခေါက် သတင်းမှာ Huawei Mate X2 DNA နဲ့ တစ်ပုံစံတည်းဆင်တဲ့ Honor Magic X ကို ဒီနှစ်စတုတ္ထသုံးလပတ်မှာ မြင်ရမယ်လို့ ဆိုပါတယ်။ Honor ကုမ္ပဏီဘက်ကလည်း Foldable Phone ထုတ်နေတဲ့အကြောင်းကို ဝန်ခံထားတာ ဖြစ်လို့ ဒီသတင်းက နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။




Photo: digitimes

           Honor Magic X နာမည်နဲ့ ထွက်လာဖို့ရှိတဲ့ Foldable ဖုန်းဟာ Huawei Mate X2 DNA ရဲ့ ဆင်တူပေမယ့် Software ပိုင်းမှာ တူမှာ မဟုတ်ပါဘူး။ Honor ဟာ Huawei နဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်လာတာကြောင့် Honor ရဲ့ Foldable Phone မှာ Google Play apps နဲ့ services တွေ အထောက်အပံ့ပေးလာဖို့ ရှိပါတယ်။ Honor ရဲ့ ပထမဆုံး Foldable ဖုန်းအတွက် သုံးမယ့် ခေါက်သိမ်းနိုင် Panels တွေကို တရုတ် display supplier ကြီးတွေ ဖြစ်တဲ့ BOE နဲ့ Visionox တို့ဆီကနေ မှာယူသွားဖို့ ရှိတယ်လို့လည်း Display ဈေးကွက်သုံးသပ်သူ ရော့စ်ယန်းဂ်က ဆိုပါတယ်။

           တခြားသတင်းတွေမှာတော့ Honor ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ အတွင်းခေါက် မျက်နှာပြင်အရွယ်အစား ၈ လက်မနဲ့ အပြင် ကာဗာ Display ၆.၅ လက်မ ရှိမယ်လို့လည်း ဆိုပါတယ်။ Honor ဟာ မကြာခင်မှာ Honor X2 Max နာမည်နဲ့ အကြီးစား ဖုန်းသစ်တစ်မျိုးကို ကြေညာသွားဖို့လည်း ရှိတယ်လို့ သတင်းပြေးနေပါတယ်။ Honor X20 Max ဟာ မျက်နှာပြင်ဆိုဒ် ၇.၂ လက်မသုံးပြီး Dimensity 1100 chipset ၊ 66W charging ပါ 6000mAh ဘက်ထရီနဲ့ ထွက်လာဖို့ ရှိပါတယ်။


Photo: phonandroid

 

           Honor ဟာ ဒီနှစ်ထဲမှာ Honor 50 နဲ့ Honor Magic 3 series တွေကို ကြေညာထားပါတယ်။ ဒီဖုန်းတွေဟာ Flagship တန်းဝင် တန်ဖိုးကြီး စမတ်ဖုန်းတွေ ဖြစ်ပြီး Magic 3 Pro+ ဆို ယူရို ၁၅၀၀ (မြန်မာငွေ ၃၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချနေတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်ဈေးကွက်မှာ Honor ဟာ Xiaomi ကို ကျော်ပြီး တရုတ်ဈေးကွက်ရဲ့ တတိယအကြီးဆုံး စမတ်ဖုန်း Brand အဖြစ် ရပ်တည်ခဲ့သလို တရုတ်နိုင်ငံအတွင်း လအလိုက် Honor ဖုန်းရောင်းအားဟာ ၁၈% အထိ တက်လာတယ်လို့ ဆိုပါတယ်။

           Foldable ဖုန်းလောကမှာ Samsung က အင်အားအကြီးဆုံး ဖြစ်နေပေမယ့် တရုတ်ဖုန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei နဲ့ Xiaomi တို့ကလည်း Mate X2 နဲ့ MIX Fold စတဲ့ Foldable ဖုန်းတွေနဲ့ ဝယ်သူတွေကို ဆွဲဆောင်လာနေပါတယ်။ Huawei နဲ့ Xiaomi တို့ရဲ့ Foldable ထုတ်ကုန်တွေကတော့ တရုတ်ဈေးကွက်မှာပဲ ဖြန့်ထားပြီး နောက်နှစ်ဆန်းလောက်မှ Global ဈေးကွက်ထဲ ဝင်ဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က