ယာမယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၈၃ ရက်သာ ရှိသေးတာ ဖြစ်ပါတယ်။

ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်း ယာမယ်ဟာ တနင်္ဂနွေနေ့မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ကစားရမယ့် ပွဲစဉ်အတွက် ပထမအသင်းလူစာရင်းထဲကို ခေါ်ယူခြင်း ခံခဲ့ရပြီးနောက် သမိုင်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေဟာ တနင်္ဂနွေနေ့ နူးကမ့်မှာ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ ဒီယေဂို ဆီမြွန်နီရဲ့အသင်းကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းလူစာရင်းထဲမှာ မျက်နှာသစ် ကစားသမားတစ်ဦးလည်း ပါဝင်လာတာဖြစ်ပါတယ်။

 

ဘာစီလိုနာဟာ လူငယ်ပါရမီရှင်တွေကို အမွေးထုတ်နိုင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ၎င်းတို့ရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ ယာမယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၈၃ ရက်သာ ရှိသေးတာ ဖြစ်ပါတယ်။

 

အရည်အချင်းပြည့်ဝတဲ့ တောင်ပံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ဘယ်ခြေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ယာမယ်ဟာ စပိန်လူငယ်လက်ရွေးစင်ကစားသမားဖြစ်သလို ဂျူဗင်နေးလ် အေ၊ ဘာစီလိုနာယူ-၁၉ အသင်းတို့အတွက် ကစားပေးထားပြီး ဖြစ်ပါတယ်။

 

ယာမယ်ဟာ ယခုရာသီအစောပိုင်းမှာ ပထမအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းအတွက် လူစာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့တာက လူငယ်ကြယ်ပွင့်လေးအတွက် ပိုလို့တောင် ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။

 


ဘာစီလိုနာဟာ လာမင်း ယာမယ် ပထမအသင်းလူစာရင်းထဲမှာ ပါဝင်မှုကို ကြေညာခဲ့ပြီး လူငယ်တောင်ပံကြယ်ပွင့်ဟာ ကျောနံပါတ် ၄၁ ကို ဝတ်ဆင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ ယာမယ်သာ ကွင်းထဲကို ဝင်ကစားခဲ့မယ်ဆိုရင် လာလီဂါမှာ ဘာစီလိုနာအသင်းအတွက် ကစားပေးတဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ အသက်အငယ်ဆုံးစံချိန်ဟာ ၁၉၂၂ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ အသက် ၁၅ နှစ်၊ ၁၁ လအရွယ်နဲ့ စပို့တင်း ဂီဂျွန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့တာ အာမန် မာတီနက်ဇ် ဆာဂီဖြစ်ပါတယ်။

 


ယာမယ်ဟာ ၂၀၀၇ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးပေမယ့်လည်း ဇူလိုင်လမှာ အသက် ၁၆ နှစ်ပြည့်တာနဲ့ စာချုပ် ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က