ပေါ်တူဂီသားအတွက်တော့ စိတ်ပျက်စရာတွေချည်း ဆက်တိုက်တွေ့နေပါတယ်။

ဘရိုက်တန်ကို အရှက်ရဖွယ်ရာ ၄-၀ နဲ့ အရေးနိမ့်ခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ အဝေးကွင်းမှာ ခြေစွမ်းက စုတ်ပြတ်သက်နေပြီး ကစားသမားတွေရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းကပါ ရစရာမရှိအောင်ဖြစ်ခဲ့ရတဲ့ ယူနိုက်တက်တို့ အဆိုးရွားဆုံးရှုံးပွဲတွေထဲက တပွဲကို ထပ်မံပိုင်ဆိုင်သွားခဲ့ပါတယ်။ 

ဘရိုက်တန်က ပွဲအစအဆုံး ကစားကွက်အသာ၊ စိတ်ဓာတ်အသာနဲ့ ဖိအားပေးကစားသွားခဲ့ပြီး ယူနိုက်တက်ကို တဂိုးမှတောင် ပြန်မပေးရအောင် လုပ်ပြသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးမှုနဲ့အတူ တိုက်စစ်မှူးရော်နယ်ဒိုဟာလည်း လာမယ့်ရာသီမှာ ဆက်ရှိနေမယ်ဆိုရင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပွဲမကန်ရတဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၃ မှာ ပြောင်းရွှေ့လာပြီးကတည်းက သူက နှစ်တိုင်းလိုလိုမှာ ချန်ပီယံလိဂ်ပွဲတွေကို ကစားနေခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုအများအပြားလည်းရခဲ့သလို ချန်ပီယံလိဂ်ရဲ့ဘုရင်လို့ တင်စားခံရတဲ့အထိ တဦးချင်းစွမ်းဆောင်ရည်ကောင်းတွေကိုပါ ပြသနိုင်ခဲ့ပြီး ရော်နယ်ဒိုက သူ့နာမည်ကို မှတ်တမ်းတင်ရေးထိုးနိုင်ခဲ့တာပါ။ 

အခုတော့ ယူနိုက်တက်ကို ဒုတိယအကြိမ်လာရောက်ကစားချိန်မှာတော့ အဆိုပါပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲဝင်ကစားချင်တယ်ဆိုရင်တော့ လာမယ့်ရာသီမှ အသင်းပြောင်းရွှေ့ရတေ့ာမှာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ကစားသမားကြီးအတွက်တော့ တော်တော်လေးကို စိတ်ပျက်ဖွယ်ရာအခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က