စစ်ဆေးရေးဂိတ်နေရာများကို ဖြတ်သန်းပြီးမှ အစောင့်အကြပ် ထူထပ်စွာချထားတဲ့ ရုပ်ရှင်ရုံရှိရာ လုံခြုံရေးဇုန်ထဲကို ရောက်ရှိနိုင်ပါတယ်

စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ဆိုမာလီယာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အများပြည်သူ ရုပ်ရှင်ကြည့်ရှုမှု စတင်ခဲ့ပြီဖြစ်ပြီး ယဥ်ကျေးမှုဆိုင်ရာ ပြန်လည်နိုးကြားသက်ဝင်လာမယ့် မျှော်လင့်ချက်များ မြင့်တက်လာခဲ့ပါတယ်။

ဆိုမာလီယာလူမျိုး ဒါရိုက်တာ အီဗရာဟမ်စီအမ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုနှစ်ခုကို မိုဂါဒစ်ရှူးမြို့တော်ရှိ အမျိုးသားကဇာတ်ရုံမှာ စက်တင်ဘာ ၂၂ ရက် ညပိုင်း ပြသခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ယခင်က အဆိုပါဇာတ်ရုံဟာ အသေခံဗုံးခွဲတိုက်ခိုက်မှု ပစ်မှတ်တစ်ခုနဲ့ စစ်ခေါင်းဆောင်တွေ အခြေစိုက်စခန်းနေရာ ဖြစ်ခဲ့ပါတယ်။


ဒီညက ဆိုမာလီယာပြည်သူတွေအတွက် သမိုင်းဝင်ညတစ်ညပါပဲ၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုတွေရှိခဲ့ပြီးနောက် အခုအခါမှာတော့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာပြီဆိုတာ တွေ့ရပါပြီ

(Photo: Reuters)

"ဒီညက ဆိုမာလီယာပြည်သူတွေအတွက် သမိုင်းဝင်ညတစ်ညပါပဲ၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုတွေရှိခဲ့ပြီးနောက် အခုအခါမှာတော့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာပြီဆိုတာ တွေ့ရပါပြီ၊ ရုပ်ရှင်လုပ်ငန်းက ဆိုမာလီယာ သီချင်းရေးသူတွေ၊ ဇာတ်ညွန်းဆရာတွေ၊ ရုပ်ရှင်ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေအတွက် သူတို့ရဲ့ အရည်အချင်းကို ထုတ်ဖော်ပြဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်" လို့ အမျိုးသားကဇာတ်ရုံ ညွှန်ကြားရေးမှူး Abdikadir Abdi Yusuf က ပြောပါတယ်။

Hoos နဲ့ Date from Hell လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားကို ရုံဝင်ခ ၁၀ ဒေါ်လာ (မြန်မာကျပ်ငွေ ၁၉,၀၀၀ နီးပါး) နဲ့ ဆိုမာလီယာပြည်သူတွေ ကြည့်ရှုခွင့်ရခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေဟာ စစ်ဆေးရေးဂိတ်နေရာများကို ဖြတ်သန်းပြီးမှ အစောင့်အကြပ် ထူထပ်စွာချထားတဲ့ ရုပ်ရှင်ရုံရှိရာ လုံခြုံရေးဇုန်ထဲကို ရောက်ရှိနိုင်ကြတာ ဖြစ်ပါတယ်။ ထိုဇုန်အတွင်း အမျိုးသားကဇာတ်ရုံအပြင် သမ္မတနန်းတော်နဲ့ လွှတ်တော်အဆောက်အအုံတို့လည်း တည်ရှိနေပါတယ်။

ဆိုမာလီယာမှာ ဟိုးအရင် စစ်မဖြစ်မီတုန်းက ဒီကဇာတ်ရုံမှာပဲ ဂီတဖျော်ဖြေပွဲတွေ၊ အကပွဲတွေနဲ့ ရုပ်ရှင်တွေ ကြည့်နေကျပဲ၊ နောက်ပိုင်း မိုဂါဒစ်ရှူးကို ညဘက် သွားလာမှုကင်းမဲ့တဲ့ အခြေအနေ မြင်ခဲ့ရတာ စိတ်မကောင်းဘူး၊ ဒါပေမဲ့ အခုတော့ အစကောင်းလာခဲ့ပါပြီ

(Photo: Abdirahman Yusuf/AFP/Getty Images)

"ဆိုမာလီယာမှာ ဟိုးအရင် စစ်မဖြစ်မီတုန်းက ဒီကဇာတ်ရုံမှာပဲ ဂီတဖျော်ဖြေပွဲတွေ၊ အကပွဲတွေနဲ့ ရုပ်ရှင်တွေ ကြည့်နေကျပဲ၊ နောက်ပိုင်း မိုဂါဒစ်ရှူးကို ညဘက် သွားလာမှုကင်းမဲ့တဲ့ အခြေအနေ မြင်ခဲ့ရတာ စိတ်မကောင်းဘူး၊ ဒါပေမဲ့ အခုတော့ အစကောင်းလာခဲ့ပါပြီ" လို့ ရုပ်ရှင်လာကြည့်တဲ့ Osman Yusuf က ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ် ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦးကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

"ဆိုမာလီယာမှာ စစ်မဖြစ်ခင်တုန်းကဆိုရင် လူတွေက ညဘက် အပြင်ထွက်လေ့ရှိပြီး သူတို့ ပြန်ချင်တဲ့အချိန်ကျမှ နောက်ကျပြီး အိမ်ပြန်ကျတာ၊ ဒါပေမဲ့ အခုကျတော့ အရမ်း လုံခြုံတယ်လို့ ကျွန်မ မထင်ဘူး" လို့ ကျောင်းသူတစ်ဦးဖြစ်သူ Hakimo Mohamed သူမရဲ့အမြင်ကို ပြောပါတယ်။

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ အမျိုးသားကဇာတ်ရုံကို ၁၉၆၇ ခုနှစ်မှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ လက်ဆောင်အဖြစ် တရုတ်အင်ဂျင်နီယာတွေက တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုအမျိုးသားကဇာတ်ရုံဟာ ၁၉၇၀ ပြည့်လွန်နှစ်များနဲ့ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဆိုမာလီယာယဥ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါခဲ့ပါတယ်။

ဆိုမာလီယာမှာ စစ်မဖြစ်ခင်တုန်းကဆိုရင် လူတွေက ညဘက် အပြင်ထွက်လေ့ရှိပြီး သူတို့ ပြန်ချင်တဲ့အချိန်ကျမှ နောက်ကျပြီး အိမ်ပြန်ကျတာ၊ ဒါပေမဲ့ အခုကျတော့ အရမ်း လုံခြုံတယ်လို့ ကျွန်မ မထင်ဘူး

(Photo: Reuters)

၁၉၉၁ ခုနှစ်မှာ ဆိုမာလီယာပြည်တွင်းစစ် စတင်ခဲ့ချိန်မှာတော့ ကဇာတ်ရုံကို ပိတ်ထားခဲ့ပြီး စစ်ခေါင်းဆောင်တွေက အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဆိုမာလီယာ အမျိုးသားကဇာတ်ရုံဟာ ကာလရှည်ကြာ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပစ်ထားခဲ့တာကြောင့် ယိုယွင်းပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ကဇာတ်ရုံကို African Union Mission in Somalia (Amisom) က ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ပြန်ဖွင့်ခဲ့ရာ အယ်လ်ရှာဘတ် (al-Shabab) စစ်သွေးကြွအုပ်စုက ချက်ချင်းပင် ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ အယ်လ်ရှာဘတ်အုပ်စုက ဖျော်ဖြေရေးနဲ့ ရုပ်ရှင်တွေဟာ အကျင့်စာရိတ္တ ပျက်စီးစေတယ်လို့ ယူဆထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က