ငါးရွှေနဲ့ချက်တဲ့မုန့်တီဟင်းရည်ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော်တိုင်အောင် မပြောင်းလဲတဲ့အရသာနဲ့ ၀င်း၀င်း ရခိုင်မုန့်တီကို တကူးတက လာကြတဲ့သူတွေလည်း ရှိကြပါတယ်။လာစားဖူးကြတဲ့သူတိုင်း ပြန်လာစားကြ



တာများပါတယ်။ 

ဆိုင်ဖွင့်ဖြစ်ပုံ

ရခိုင်လူမျိုးညီအမအပျိုကြီး ၂ယောက်ဖြစ်တဲ့ အမဖြစ်သူ ရွှေ‌ေရွှနဲ့ညီမဖြစ်သူ ၀င်း၀င်းတို့ကအတူတူရောင်းချလာခဲ့ကြတာပါ။ ကျောက်ဖြူမြို့ဇာတိဖြစ်ကြပြီး ရန်ကုန်စ ရောက်တည်းကလှည်းတန်းမှာစအခြေချခဲ့ကြကာဒီဆိုင်လေးနဲ့ ရပ်တည်လာခဲ့ကြတာပါ။ ညီအစ်မနှစ်ယောက်တက်ညီလက်ညီနဲ့ရောင်းချခဲ့ကြတာဖြစ်ပါတယ်။

မီနူးလေးတွေက

၀င်း၀င်း ဆိုင်မှာတော့ မုန့်တီ၊မုန့်ဖတ်သုပ်၊ ထမင်းဖြူ၊ပြည်ကြီးငါးသုပ်၊ငါးနီတူသုပ်၊သဘော်သီးသုပ်၊ငါးဖယ်သုပ်၊ကြက်သား ရခိုင်သုပ်၊၀က်ခေါင်းသုပ်နဲ့ အခြားအသုပ်လေးတွေကိုလည်း စုံစုံလင်လင်ရနိုင်ပါတယ်။အရင်တုန်းကတော့ကိုယ်တိုင်လက်ညှပ်မုန့်ဖတ်ကို‌ေရာင်းချကြတာဖြစ်ပြီး အခု‌ေနာက်ပိုင်း‌ေတာ့ကိုယ်တိုင်မုန့်ဖတ်မလုပ်ဖြစ်‌ေတာ့ဘူးလို့သိရပါတယ်။

တစ်ရက်ရောင်းအား

တစ်ရက်ကိုမု့န်ဖတ် ၁၀ပိသာလောက်ကုန်ပြီးရောင်းအားက ၅သိန်း ကနေ၆သိန်း လောက်‌ေရာင်း‌ေနရတယ်လို့သိရပါတယ်။ ဒီဆိုင်လေးကိုတကူးတက လာကြတဲ့သူတွေကတော့ ရုံး၀န်ထမ်းတွေနဲ့ကျောင်းသားကျောင်းသူကလေးတွေ လာစားကြတာများပါတယ်။ 

ကိုယ်ပိုင်အိမ်လေး ၀ယ်နိုင်ခဲ့ပြီ

ဆိုင်ဖွင့်ပြီး (၁၀)နှစ်အကြာမှာတော့ ဆိုင်ရဲ့၀င်ငွေလေးစုဆောင်း‌ထားတာလေးနဲ့ကိုယ်ပိုင်အိမ်လေး ၀ယ်နိုင်ခဲ့ပြီး လက်ရှိနေနေကြတာလည်း ဖြစ်ပါတယ်။ ဆိုင်စဖွင့်စဉ်က ဖောက်သည် ရှာရခက်ခဲ့ပေမယ့်အခုတော့ လာစားဖူးကြတဲ့သူတိုင်း ပြန်လာစားကြပြီး နိုင်ငံခြားရောက်သွားသူတွေကလည်း ၀င်း၀င်း မုန့်တီစားချင်တယ် ဆိုပြီးတမ်းတ နေကြတာမျိုးလည်း ရှိကြပါတယ်။

ဘတ်ဂျက်ဈေးနှုန်းနဲ့‌‌ဆိုင်လိပ်စာ

စဖွင့်တုန်းက မုန့်တီတစ်ပွဲကို ၃၀၀ကျပ်နဲ့‌‌ေရာင်းခဲ့ကြပြီးအခု မုန့်တီတစ်ပွဲကို ၁၂၀၀ကျပ် ဖြစ်ပါတယ်။အသုပ်‌ေတွရဲ့ဈေးနှုန်းတွေကလည်း ၅၀၀၀အောက်သာသတ်မှတ်ရောင်းချနေတာဖြစ်လို့ဘတ်ဂျက်သမား‌ေတွတွက် အဆင်‌ေပြ စေမယ့်ဆိုင်လေးပါ။လှည်းတန်း ကျောင်းရှေ့မှတ်တိုင်အနားကတာလီ‌ေရွှဆိုင်လမ်းထဲက ၀င်၀င်ချင်းတစ်ဆိုင်အကျော်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က