In partnership with  logo
မြန်မာ့ရိုးရာ ဓါးပုံစံအမျိုးမျိုးကို ပန်းပဲလက်မှုပညာနဲ့ ဖန်တီးပြုလုပ်နေတဲ့ ပျော်ဘွယ်မြို့က ဓါးပညာရှင်"အကယ်ဒမီ ကျော်ညွန့်"ဖြစ်ပါတယ်။

"အကယ်ဒမီ ကျော်ညွန့်" လိုခေါ်တဲ့ ပန်းပဲပညာရှင်ဟာဆိုရင် အသက် (၈၁)နှစ် ရှိနေပါပြီ။ မိသားစု စားဝတ်နေရေးအတွက် အသက် (၁၃)နှစ်တည်းက ဓါးလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း (၇၀)နီးပါး ရှိပြီလို့သိရပါတယ်။

အကယ်ဒမီဓါး အများဆုံး လုပ်ကိုင်ခဲ့

မြန်မာနိုင်ငံရဲ့ ပန်း၁၀မျိုး ထဲက ပန်းဘဲ ပညာရပ် နဲ့ စစ်ရေးပြဓါး ၊ အကယ်ဒမီဓါး စတဲ့ ဓါးတွေလုပ်ကိုင်နေတဲ့ ပန်းဘဲပညာရှင် အကယ်ဒမီဦးကျော်ညွှန့် က ထင်ရှားသူ တစ်ဦးဖြစ်ပါတယ်။ အကယ်ဒမီဓား အများဆုံး လုပ်ကိုင်တဲ့ အတွက် အကယ်ဒမီကျော်ညွန့်လို့ ခေါ်ကြ သိကြ တာများပါတယ်။ပန်းဘဲပညာရှင်လို့ သတ်မှတ်ကြ‌တဲ့ အတွက်လည်း ဂုဏ်ယူရတယ်လို့ အကယ်ဒမီဦးကျော်ညွှန့်က ပြောပါတယ်။

တစ်ရွာလုံးဓါးလုပ်ငန်း နဲ့အသက်၀မ်းကျောင်း

ပျော်ဘွယ်မြို့ ၊မင်းလမ်းရွာ တစ်ရွာလုံး ဓါးလုပ် တဲ့ ပန်းဘဲပညာရပ်နဲ့ပဲ အသက်၀မ်းကျောင်း အလုပ်အဖြစ် လုပ်ကိုင်ကြတာများပြီး စား‌၀တ်နေရေး ပြေလည်ရုံ တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေအနေနဲ့ လုပ်ကြတာဖြစ်လို့ လုပ်ငန်းပြိုင် အပြိုင်အဆိုငိတွေတော့မရှိဘူးလို့သိရပါတယ်။ ပျော်ဘွယ်မြို့မင်းလမ်းရွာနေဒေသခံအများစုက ပန်းပဲ ပညာရပ်ထဲကတခုအပါအ၀င်ဖြစ်တဲ့ ဓါးလုပ်ငန်းကို လုပ်ကိုင်အသက်၀မ်းကျောင်းကြသူတွေများပါတယ်။

ခေတ်စားနေတဲ့ဓါးအမျိုးအစားများ

ရှမ်းငှက်ဓါး၊ ဖောင်းကြွဓါး ၊ဂျပန်ဓါး စတဲ့ ဓါးတွေက အင်တာနက်စာမျက်နှာတွေပေါ်မှာ ခေတ်စားနေကြတဲ့အတွက် အွန်လိုင်းနဲ့ဖုန်းကနေတစ်ဆင့် ဓားမှာယူသူတွေ များလာတယ်လို့ သိရပါတယ်။ဦးကျော်ညွှန့်က အသက်အရွယ်ကြောင့် မျက်လုံးမကောင်းတဲ့အတွက် ဖုန်းနဲ့မှာယူသူတွေအတွက် ပွဲစားကတစ်ဆင့် ဓားအမှာတွေ ကိုလက်ခံနေတာဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ဓါးလုပ်ခဲ့ကြတဲ့ မျိုးရိုးဖြစ်ပြီး အဘဖြစ်သူလက်ထက်မှာ ငွေဓါးတွေ ကိုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဦးကျော်ညွှန့်က ဓါးလုပ်ငန်းကို မျိုးဆက်သစ်တွေဆီလည်း လက်ဆင့်ကမ်းကာ လုပ်ကိုင်နေပြီး လူငယ်တွေ ဖြစ်တဲ့အတွက် ကွာလတီပိုင်းမှာလည်း ပိုကောင်းလာကြတယ်လို့ ပြောပါတယ်။

ဓါးမှာယူလိုသူတွေအတွက် 

ဓါးလုပ်တဲ့အခါ အသုံးပြုတဲ့ ကုန်ကြမ်းတွေ ဈေးတက်လာခဲ့တဲ့အတွက် အရင်တုန်းကလောက် ကိုယ့်အတွက် ကျန်တဲ့အမြတ် သိပ်မရှိဘူးလို့ ဆိုပါတယ်။ ဓါးအပ်နံသူ ပုံမှန်မရှိတဲ့အတွက် ၀င်ငွေကလည်း ပုံမှန်မရှိပါဘူးလို့ ဦးကျော်ညွှန့်ကဆိုပါတယ်။ဈေးနှုန်း အနေနဲ့လည်း ဓါးမှာ ကနုတ်လှလှတွေ များရင်များသလို ဓါးအမျိုးအစားနဲ့ အရွယ်အစားပေါ်မူတည်ပြီး နှစ်သိန်း ကနေ ဆယ်ဂဏန်းအထိ မှာယူသူတွေ အလိုက် ဈေးနှုန်း ကွဲပြားကြပါတယ်။ ဦးကျော်ညွန့်ရဲ့ ဓားလုပ်ငန်းကတော့ မင်းလမ်းရွာ၊ ပျော်ဘွယ်မြို့မှာရှိပြီး ဖုန်းနံပါတ် 09 667625734 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က