ဘာမင်ဂမ်ဟာ ဟူးလ်စီးတီးနဲ့ ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့နောက် ပရိသတ်တွေက သူတို့ရဲ့ အသင်းကို ပြန်လည်လှောင်ပြောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲဟာ ရွန်းနီအတွက် ဘာမင်ဂမ်နည်းပြဘဝ ပထမဆုံး အိမ်ကွင်းပွဲဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာမင်ဂမ်က နှစ်ဂိုးဂိုးမရှိနဲ့ အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့ပြီး ရွန်းနီအတွက် ဘာမင်ဂမ်နည်းပြဘဝ ပထမဆုံး ပွဲဦးထွက်နှစ်ပွဲမှာ ဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။ ရွန်းနီဟာ ပြီးခဲ့တဲ့ စနေနေ့ကလည်း မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါသေးတယ်။
ယူနိုက်တက် ကွင်းလယ်လူဟောင်းပဲဖြစ်တဲ့ မိုက်ကယ်ကာရစ် ကိုင်တွယ်နေတဲ့ အသင်းကို ဘာမင်ဂမ်က ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ နောက်ကျသွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဘာမင်ဂမ်ဟာ နည်းပြဟောင်း ဂျွန်အူစတေ့စ် လက်ထက်မှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ရွန်းနီနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရွန်းနီလက်ထက် အသင်းရဲ့ ရလဒ်ပိုင်းက တိုးတက်လာခြင်းမရှိသေးဘဲ နှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဘာမင်ဂမ်ပရိသတ်တွေက သူတို့ရဲ့ အသင်းကို ပြန်လည်လှောင်ပြောင်ခဲ့တာဖြစ်ပြီး ရွန်းနီလည်း ရလဒ်ဆိုးတွေကနေ မရုန်းထွက်နိုင်ရင် ရာထူးအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။
ရွန်းနီကတော့ “ဘောလုံးကို သယ်ယူလာတဲ့နေရာမှာ ရဲရဲဝံ့ဝံ့ရှိနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခု ပထမနှစ်ပွဲစလုံးမှာ ကစားသမားတွေက ဒါတွေနဲ့ ပတ်သက်လို့ သက်သောင့်သက်သာမရှိခဲ့တာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။