စပါးနဲ့ပွဲအပြီးမှာ ဘရိုက်တန်က လှောင်ပြောင်ခဲ့တာပါ။

ဘရိုက်တန်ဟာ မနေ့ညက စပါးကိုအနိုင်ရရှိခဲ့တဲ့ ပွဲအပြီး သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကတဆင့် မြောက်လန်ဒန်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ဘရိုက်တန်တို့ကို လှောင်ပြောင်ရေးသားခဲ့ပါတယ်။ ဘရိုက်တန်ဟာ စနေညရဲ့ အစောပိုင်းပွဲစဥ်မှာ စပါးကို ထရော့ဆက်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဘရိုက်တန်နဲ့မတွေ့ခင် တောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ စပါးတိုက်စစ်ပိုင်းက ဒီပွဲမှာ ဘရိုက်တန်ဂိုးပေါက်ကို တကြိမ်တောင် တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ ပွဲကစားချိန် (၈၉) မိနစ်မှာ အနိုင်ဂိုးပါ ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ ဘရိုက်တန်အတွက်ကတော့ ဒါဟာ နှစ်ပွဲဆက်တိုက် မြောက်လန်ဒန်အခြေစိုက် အသင်းတွေကို နိုင်ပွဲကိုရရှိခဲ့တာပါ။

ပြီးခဲ့တဲ့အပတ် အာဆင်နယ်အိမ်ကွင်းမှာလည်း ဘရိုက်တန်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီတပတ်မှာလည်း စပါးရဲ့အိမ်ကွင်းမှာ နိုင်ပွဲထပ်မံရယူခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်က အမှတ်မလိုတော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ အာဆင်နယ်၊ စပါးတို့ကို ဆက်တိုက် အနိုင်ယူပြီး ဒုက္ခပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဘရိုက်တန်က သူတို့ရဲ့တွစ်တာကတဆင့် “မြောက်လန်ဒန်က ငါတို့အတွက်ပဲ” လို့ ရေးသားခဲ့ပါတယ်။ ဘရိုက်တန်ဟာ အမှတ်ပေးဇယားရဲ့ အလယ်မှာသာ ရပ်တည်နေပေမယ့် ထိပ်တန်းအသင်းကြီးတွေနဲ့တွေ့တိုင်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့စပါးတို့မတိုင်ခင် မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့တောင်မှ ဘရိုက်တန်ကြောင့် အခက်တွေ့ခဲ့ရပြီး အမှတ်ဆုံးရှုံးခဲ့ရပါတယ်။ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ကလည်း ဘရိုက်တန်ကို နှစ်ကျော့လုံးအနိုင်မရခဲ့တာကြောင့် အခုလိုမျိုး ဘရိုက်တန်တို့ လန်ဒန်သားတွေကို တွစ်တာပေါ်က လေတိုက်တာက လွန်တယ်လို့တော့ မဆိုသာပါဘူး။ 

Share

Loading Next Article...
က္က