နှစ်သင်းစလုံးရှုံးဖို့ကို ကလော့ပ်က မျှော်လင့်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းကတော့ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်က ဇယားထိပ်ဆုံးကနေ ဖယ်ပေးလိုက်ရပြီး လီဗာပူးက အမှတ်ပေးဇယားကို စတင် ဦးဆောင်သွားခဲ့ပါတယ်။



ဒီပွဲမှာ နှစ်သင်းစလုံးက တစ်ဖက်နဲ့ တစ်ဖက် အမှားမခံဘဲ ဂရုစိုက် ကစားခဲ့တာကြောင့် ပရိသတ်တွေအတွက် ပျင်းရိစရာပွဲတစ်ပွဲလို ဖြစ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးက ဖိကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ သွင်းဂိုးကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး​။

အဲ့ဒါကြောင့်လည်း ဒီသရေပွဲရလဒ်က နှစ်သင်းစလုံးအတွက် မယုတ်မလွန်ဖြစ်ခဲ့ပေမယ့် လီဗာပူးအတွက်ကတော့ အကျိုးအမြတ်ထွက်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာ ကလော့ပ်ကြီး ပြောခဲ့သလိုမျိုး ဆန္ဒအတိုင်း အပြည့်အဝမဟုတ်တောင် တစ်ဝက်လောက်ဖြစ်သွားခဲ့တယ်လို့ ဆိုရမှာပါ။

မန်စီးတီးနဲ့ အာဆင်နယ်ပွဲအပေါ် ဘာတွေ မျှော်လင့်ထားလဲဆိုတာနဲ့ ပတ်သက်လို့ ကလော့ပ်က “နှစ်သင်းစလုံး ရှုံးသွားဖို့ပါပဲ” လို့ ဟာသနှောပြီး ဖြေကြားထားပါတယ်။ တကယ်တမ်း ပွဲကစားချိန်မှာလည်း နှစ်သင်းစလုံးက သရေတစ်မှတ်စီ ခွဲယူခဲ့ကြပြီး လီဗာပူးနည်းပြ ကလော့ပ်နဲ့ လီဗာပူးပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေက (၉) ပွဲသာ ကစားဖို့ ကျန်ရှိတော့ပြီး လီဗာပူးက ဒုတိယနေရာက အာဆင်နယ်ကို (၂) မှတ်၊ မန်စီးတီးကို (၃) မှတ် ဖြတ်ထားပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်ထားပါတယ်။ မန်စီးတီးအနေနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄) နှစ်ဆက် ဆွတ်ခူးချင်တယ်ဆိုရင်တော့ နောက်ပွဲတွေမှာ အမှားခံလို့ မရတော့ပါဘူး။

Share

Loading Next Article...
က္က