ဒေါ့မွန်အတွက်တော့ အခွင့်အရေးပြန်ရလာခဲ့ပါပြီ။

ဆောင်းရာသီအားလပ်ရက်ပြီးဆုံးလို့ ပြန်လည်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါကတော့ ပထမဆုံးပွဲမှာတင် အားလုံးကို အံ့အားသင့်စေခဲ့ပြီဖြစ်ပါတယ်။ အဲဒါကတော့ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ မိုချန်ဂလာဘတ်အသင်းကို ၁-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး နှစ်သစ်အစကို ရှုံးပွဲနဲ့ စတင်ခဲ့ကာ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ 

ကိုဗစ်ရိုက်ခတ်မှု၊ အာဖရိကဖလားပွဲ၊ ဒဏ်ရာပြသနာတွေကြောင့် ဘိုင်ယန်မြူးနစ်ဟာ ကစားသမား ၉ ဦးအထိကို လက်လွှတ်ထားခဲ့ရပြီး လီဝန်ဒေါစကီးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂလာဘတ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပထမပိုင်းမှာပဲ ပြန်သွင်းယူခဲ့ပြီး လီဝန်ဒေါစကီးအပိုင်အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့လို့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ 

လက်ရှိမှာ ဘိုင်ယန်က ဒုတိယနေရာက ဒေါ့မွန်ကို ၉ မှတ်ဖြတ်ထားတာဖြစ်ပြီး ဒေါ့မွန်ကသာ ဒီနေ့မှာ ဖရန့်ဖတ်ကို အနိုင်ရခဲ့မယ်ဆိုရင် ၆ မှတ်အကွာကို ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒေါ့မွန်အတွက်တော့ ဘိုင်ယန်ကို လိုက်မီဖို့ အခွင့်အရေးကောင်းတခု ပိုင်ဆိုင်နေပြီဖြစ်ပြီး ဘိုင်ယန်ရဲ့ အသင်းတွင်းဒဏ်ရာပြသနာတွေကလည်းရှိနေတာကြောင့် လာမယ့်ပွဲတွေမှာလည်း ခြေထပ်ချော်ခဲ့မယ်ဆိုရင် ဘွန်ဒက်လီဂါအမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုက အကြိတ်အနယ်ဖြစ်လာဖို့ရှိနေပါတယ်။

ဘိုင်ယန်ဟာ ဂလာဘတ်နဲ့ နောက်ဆုံး ၆ ကြိမ်တွေ့ခဲ့ရာမှာ ၃ ကြိမ်အထိ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ မနေ့ကပွဲမှာ ဂိုးသမားနူအာ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဂေါ်ရက်ဇ်ကာ၊ ဆာနေး၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ကင်စလေကိုးမန်းတို့ မကစားနိုင်ခဲ့ဘူးလို့ သိရပါတယ်။ လီဝန်ဒေါစကီးကတော့ သူ့ရဲ့ ဒီရာသီ ၂၀ မြောက် သွင်းဂိုးကို သွင်းယူခဲ့ပြီး ဂိုးသွင်းခြေစွမ်းထပ်ပြခဲ့ပေမယ့် ချေပဂိုးပြန်ရနိုင်တဲ့ အခွင့်အရေးကိုတော့ လွဲချော်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က