MPT က နိုင်ငံတစ်ဝန်းရှိသုံးစွဲသူတွေဆီ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် “ဇိမ်ဇိမ်” ပရိုမိုးရှင်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။

MPT က မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအသစ်ကို ဒီကနေ့မှာ မိတ်ဆက်လိုက်ပါတယ်။ “ဇိမ်ဇိမ်” ပရိုမိုးရှင်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၂) ရက်နေ့ကနေ ဇွန်လ (၃၀) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး Join & Get (စာရင်းသွင်းကာ လက်ဆောင်ယူပါ)၊ Top Up & Play (ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ) နဲ့ Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာကံစမ်းပါ)အစီအစဉ်(၃)မျိုးပါဝင်တာကို တွေ့ရပါတယ်။

ရရှိမယ့် ဆုများ  
ဒီပရိုမိုးရှင်းအစီအစဉ်ကနေတစ်ဆင့် Grand Prize အဖြစ် EV ကားအသစ်တစ်စီး၊ လစဉ် ကံထူးရှင်တွေအတွက် တစ်ဦးကို ကျပ်သိန်း (၃၀) ငွေသားဆုများ၊ iPhone 17 နဲ့ နေ့စဉ် Data Bonus ဆုတွေကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
ဘယ်လိုကံစမ်းကြမလဲ 

MPT သုံးစွဲသူတွေအနေနဲ့ ကိုယ် ကြိုက်နှစ်သက်ရာ နည်းလမ်းတွေကနေ တစ်ဆင့် အခမဲ့ စာရင်းသွင်းတာ ၊ ဖုန်းငွေဖြည့်သွင်းတာ (ဒါမှမဟုတ်) မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်တွေကို ဝယ်ယူခြင်းဖြင့် ဒီ ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။ သုံးစွဲသူတွေဟာ အခမဲ့စာရင်းသွင်းခြင်း (Join & Get -စာရင်းသွင်းကာ လက်ဆောင်ယူပါ) နဲ့ ဖုန်းငွေဖြည့်သွင်းခြင်း (Top Up & Play - ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ) အစီအစဉ်ကတစ်ဆင့် ဒေတာ ဆုလက်ဆောင်များ ရရှိနိုင်မှာပါ ။ ဒါ့ အပြင် Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာ ကံစမ်းပါ) အစီစဉ်မှာ ပါဝင်မယ်ဆိုရင်လည်း 

အသစ်စက်စက် EV ကား - ၁ စီး၊ ငွေသားဆု ကျပ်သိန်း (၃၀) ကံထူးရှင် (၅) ဦး၊ iPhone 17- (၁) လုံး တို့ကို ကံထူးနိုင်မှာ ဖြစ်ပြီး ပက်ကေ့ချ်များများဝယ်လေ ကံထူးခွင့်လက်မှတ်များများရလေ ဖြစ်တာမိ့ အထူးဆုတွေကို ကံထူးမယ့် အခွင့်အရေး ပိုမိုရရှိမှာပါ။ 

စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင်တွေကို ကံထူးနိုင်ဖို့ အတွက် MPT သုံးစွဲသူတွေ အနေနဲ့ အသေးစိတ် အချက်အလက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ပရိုမိုးရှင်းအမျိုးအစား
  • ဆုလက်ဆောင်များ
  • ပရိုမိုးရှင်းအသေးစိတ်အချက်အလက်
  • ခံစားခွင့်များ/ ဆုလက်ဆောင်များ
  • Join & Get (စာရင်းသွင်းကာ လက်ဆောင်ယူပါ)
အပတ်စဉ်

နှစ်သက်ရာနည်းလမ်းကတစ်ဆင့် စာရင်းသွင်းပါဝင်နိုင်ပါသည်

၁) MPT4U အပ်ပလီကေးရှင်း

၂) *2026# ကို ခေါ်ဆိုခြင်း

၃) 1331 သို့ “ZeimZeim” ဟု စာတို (SMS) ပေးပို့ခြင်း

ဒေတာ ဆုလက်ဆောင်များ

Top Up & Play (ဖုန်းငွေဖြည့်ကာ ဂိမ်းကစားပါ)

နေ့စဉ်
  • နှစ်သက်ရာနည်းလမ်းဖြင့် အနည်းဆုံး ၁,၀၀၀ ကျပ်နှင့်အထက်
  • ဖုန်းငွေဖြည့်တိုင်း Kick & Win ဂိမ်း ကစားခွင့် (၁) ကြိမ် ရယူပါ။
  • ဒေတာ ဆုလက်ဆောင်များ
  • Buy Packs & Win (ပက်ကေ့ချ်ဝယ်ကာ ကံစမ်းပါ)
လစဉ်

ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပက်ကေ့ချ်များကို ဝယ်ယူပြီး လစဉ်ဆု နှင့် အထူးဆုများ ကံစမ်းခွင့် လက်မှတ်များကို ရယူပါ။

လစဉ်ဆုများ

ကျပ် သိန်း ၃၀ ဆု - ၅ ဆု

iPhone 17 ဆု- ၁ ဆု

အထူးဆု

အသစ်စက်စက် EV ကား-၁ စီး

ဘယ်လိုရွေးချယ်ကြမလဲ 

ကံထူးဆုတွေကို တိုက်ရိုက်ထုတ်လွှင့်မှု (Live Events) တွေကနေတစ်ဆင့် ပွင့်လင်းမြင်သာစွာ ကျပန်းစနစ်ဖြင့်ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။ 

MPTJO ရဲ့ စီးပွားရေးဌာနကြီးက Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တိုင်းဟာ သုံးစွဲသူတွေကို အဓိကထားပြီး အလေးထား ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း မြန်မာ့နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ MPT ကို အစဉ်တစိုက် ယုံကြည်အားပေးလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီပရိုမိုးရှင်းဟာ သုံးစွဲသူတွေကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်တွေ ပေးအပ်ရုံသာမက သုံးစွဲသူတွေရဲ့ နေ့စဉ် ဒီဂျစ်တယ်လူမှုဘဝမှာ ပိုမိုကောင်းမွန်တဲ့ တန်ဖိုး၊ အကျိုးကျေးဇူးတွေနဲ့ ပျော်ရွှင်စရာ အတွေ့အကြုံသစ်တွေပေးအပ်ပြီး ကျွန်တော်တို့နဲ့ သုံးစွဲသူတွေကြားက ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာ သုံးစွဲတွေနဲ့ မိသားစုဝင်တွေအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နဲ့ပြည့်စုံတဲ့ပျော်ရွှင်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။ 

MPT ရဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ် နဲ့ အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမယ့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber ဒါမှမဟုတ် 106 Call Center တို့မှာ စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က