လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ သူ့အတွက် (၄၈) နာရီလောက်ပဲ လွတ်လပ်ခွင့်ရမယ်ဆိုရင် လုပ်ချင်တဲ့အရာတွေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက်၊ ပြင်သစ်အတွက် အရေးပါအရာရောက်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ပြီး သူ့အတွက်လည်း ပီအက်စ်ဂျီက လက်ရှိအချိန်အထိ ဘယ်သူမှမရိုက်ချိုးနိုင်သေးတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေထားတာဖြစ်ပါတယ်။ နာမည်ကျော် ဘောလုံးသမားတစ်ယောက်အတွက်တော့ ကွင်းပြင်ပ လွတ်လပ်မှုဆိုတာ မရှိပါဘူး။
ငွေကြေးမြောက်မြားစွာ ရရှိနေသည့်တိုင် လူမြင်ကွင်းမှာ တစ်ကိုယ်ရည်တစ်ကာယ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာပါ။ အဲ့ဒါကြောင့်လည်း အမ်ဘာပေက “ကျွန်တော် မုန့်ဆိုင်ကိုသွားပြီး ပေါင်မုန့်တွေ သွားဝယ်ဖို့အတွက်လား? လူအများစုအတွက် သာမန်လိုဖြစ်နေတဲ့ ဒီကိစ္စအတွက်လည်း ပိုက်ဆံတွေ အများကြီး ပေးသွားမှာပါ”
“ကျွန်တော့်မှာ အလိုလိုနေရင်း လူသားတစ်ယောက်ရဲ့ ဖြစ်တည်နေထိုင်မှုတွေကို ဆုံးရှုံးနေရပါတယ်။ နှစ်ရက်စလုံးကို ကျွန်တော် အပြင်မှာပဲ အချိန်ဖြုန်းမှာ သေချာပါတယ်။ ဘာကိုမှမစဉ်းစားဘဲ ဒီစကားကို ကျွန်တော် ပြောနိုင်တာပေါ့။ အေးအေးဆေးဆေး စားလိုက်၊ သောက်လိုက်၊ ဘယ်သူမှမမြင်နိုင်တဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ ပါတီပေးလိုက်လုပ်နေမှာပါ”
“နောက်တစ်နေ့ မနက်ကျရင် နေရောင်ခြည်နဲ့အတူ သိပ်ကောင်းတဲ့ အဆာပြေကို ကျွန်တော် စားမယ်။ ဒါက ဘဝမှာ ရိုးရှင်းတဲ့အရာတွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ပြန်လည် ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က