ဂျက်ဆင်ရဲ့ ဟက်ထရစ်နဲ့ အနိုင်ရရှိခဲ့တာပါ။

တစ်ပွဲတစ်ပွဲနိုင်ဖို့ တော်တော်လေး စောင့်ရတဲ့ ချဲလ်ဆီးဟာ မနေ့ညက စပါးကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ စပါးဟာ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာလည်း ရှုံးပွဲမရှိခဲ့ပါဘူး။



ဒါပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ရိုမားရိုး၊ အူဒိုဂီတို့ အနီကတ်တွေနဲ့ အထုတ်ခံခဲ့ရသလို ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ တကယ်တမ်းမှာ ဦးဆောင်ဂိုးရခဲ့တာက စပါးဖြစ်ပါတယ်။ ပွဲအစ (၆) မိနစ်မှာကတည်းက ကူလူဆက်ဗ်စကီးက စပါးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။
အဲ့ဒီနောက် ဆွန်ဟောင်မင်က စပါးအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ စတာလင်ရဲ့ သွင်းဂိုးလည်း ပယ်ဖျက်ခံခဲ့ရပြီး အဲ့ဒီနောက်မှာတော့ စပါးက ရိုမားရိုးရဲ့ အနီကတ်၊ ပင်နယ်တီနဲ့အတူ ချဲလ်ဆီးအတွက် ပါးလ်မားက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲက တော်တော်လေးကို မြိုင်ဆိုင်ခဲ့ပြီး အဝါ၊ အနီတွေ ပလူပျံခဲ့သလို စပါးနည်းပြ ပိုစတီဂလူးကလည်း ပထမပိုင်းမှာတင် လူစားလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အူဒိုဂီ ထပ်မံအထုတ်ခံလိုက်ရတဲ့နောက် စပါးတို့ ချဲလ်ဆီးကို ယှဉ်ကစားဖို့၊ တုံ့ပြန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
ပွဲကစားချိန် (၇၅) မိနစ်မှာတော့ နီကိုးလပ်စ်ဂျက်ဆင်က ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးခဲ့ပြီး သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးတွေကိုတော့ မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၄) မိနစ် နဲ့ (၇) မိနစ်တို့မှာ ဆက်တိုက် သွင်းယူပေးသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က