Honor ရဲ့ နောက်ထပ်အမိုက်စားထုတ်ကုန်တစ်မျိုး

ပရီမီယံဖုန်းတွေ ထုတ်လာနေတဲ့ Honor ဟာ တန်ဖိုးမြင့် အမိုက်စားစတိန်းလတ်စတီး ကိုယ်ထည်သုံး စမတ်နာရီသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ 

Honor Watch GS 3 ဟာ 3D Curved Glass မှန်ခုံးနဲ့ 316L Low-Carbon Stainless Steel ကိုယ်ထည်နဲ့ လာပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတာပါ။ နာရီအိုးအဝိုင်းပုံစံဖြစ်ပြီး အချင်း ၄၅.၉ မီလီမီတာဆိုဒ်နဲ့ ထွက်လာပါတယ်။ အနက်ရောင် ၊ ငွေရောင်နဲ့ ရွှေရောင် ကာလာသုံးမျိုးနဲ့ ပါပြီး တစ်ရောင်ချင်းစီအတွက် နာရီကြိုးအမျိုးမျိုး ထွက်ထားပါတယ်။ ရွှေရောင်နဲ့ ငွေရောင်မော်ဒယ်နှစ်မျိုးအတွက် Nappa လယ်သာကြိုးတွေ ရွေးချယ်နိုင်ပြီး အနက်ရောင်မော်ဒယ်အတွက် အကြမ်းခံတဲ့ ရာဘာလက်ပတ်ကြိုး ဝယ်ယူနိုင်မှာပါ။ 



Photo: GSMArena


Honor Watch GS 3 မှာ စိတ်ဝင်စားစရာ Feature တစ်ခုက နှလုံးခုန်တိုင်းတာရာမှာ တိကျမှု မြင့်မားအောင် AI Algorithm နဲ့ AI Engine တို့ သုံးထားတဲ့ 8-Channel PPG Sensor တစ်ခုနဲ့ လာတာပဲ ဖြစ်ပါတယ်။ ဒီနှလုံးခုန်တိုင်း Module ဟာ နှလုံးခုန်နှုန်းအချက်အလက်တွေ ပိုမြန်မြန်ဆန်ဆန် ဖတ်နိုင်သလို ပိုလို့ပါ တိကျမှုရှိလာမယ်လို့ ဆိုပါတယ်။ Honor ကတော့ နှလုံးခုန်နှုန်း တိုင်းတာခြေရာခံရာမှာ အနည်းဆုံး ၉၇% အထိ တိကျမှုရှိမယ်လို့ ပြောထားပါတယ်။ 

ဒီ Feature အပြင် နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက Honor Health 5.0 စနစ်ဖြစ်ပြီး SpO2 လို သွေးတွင်းအောက်ဆီဂျင်ကို အချိန်ပြည့်စောင့်ကြည့်ပေးခြင်း နဲ့ အိပ်စက်မှုခြေရာခံခြင်းတွေလည်း လုပ်ဆောင်နိုင်မှာပါ။ Outdoor Tracking အတွက် တည်နေရာပြစနစ်တွေကို အဓိကဂြိုလ်တုကြီး ၅ ခု အထောက်အပံ့နဲ့ နှစ်ထပ်ကြိမ်နှုန်းမြင့် တည်နေရာပြစနစ်ကို သုံးထားတယ်လို့ ဆိုပါတယ်။ 

အရင် Magic Watch 2 နဲ့ ယှဉ်ရင် တည်နေရာပြစနစ် တိကျမှုဟာ ၁၆၇% ပိုတိကျလာမယ်လို့ ဆိုပါတယ်။ အားကစားလှုပ်ရှားမှုအတွက် sports mode ၁၀၀ ကျော် ပါရှိပြီး ဒီထဲက ၁၀ မျိုးက ပရော်ဖက်ရှင်နယ် Sports Modes တွေ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။ Honor Watch GS 3 ဟာ 5 ATM ရေစိုခံနိုင်စွမ်းပါရှိတာကြောင့် ရေကူးရင်း ဝတ်ဆင်နိုင်မှာပါ။ ဘက်ထရီပါဝါ 451mAh သုံးထားပြီး တစ်နာရီအတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ 

Photo: wareable


ဒီဘက်ထရီဟာ ပုံမှန်အသုံးပြုနေချိန်မှာ ၁၄ ရက် အသုံးခံပြီး GPS ခြေရာခံစနစ် ဆက်တိုက်ဖွင့်သုံးမယ်ဆိုရင် နာရီပေါင်း ၃၀ အထိ အားခံမှာပါ။ Honor Watch GS 3 ဟာ ၁.၄၃ လက်မ AMOLED Display နဲ့လာပြီး Fullscreen Touch လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဘေးမှာလည်း အပေါ်အောက်ခလုတ်နှစ်ခုပါရှိပြီး လုပ်ဆောင်ချက်တွေ ချိန်ညှိနိုင်မှာပါ။ Honor Watch GS 3 ဟာ RAM 32MB ၊ Storage 4GB ပါရှိပြီး Android 6.0 ၊ iOS 9.0 တို့နဲ့အထက် စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်မှာပါ။

Honor Watch GS 3 အနက်ရောင်မော်ဒယ် Racing Pioneer ဗားရှင်းကို ယွမ် ၁၃၀၀ (မြန်မာငွေ ၃ သိန်း ၆ သောင်းကျော်) နဲ့ တခြား လယ်သာဗားရှင်းနှစ်ရောင်ကို ယွမ် ၁၅၀၀ (မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ တရုတ်ဈေးကွက်မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က