ဒိန်းမတ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ ဒိန်းမတ်တို့ရဲ့ ယူရိုအုပ်စုပွဲမှာ အဲရစ်ဆင်က ဒိန်းမတ်အတွက် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဒိန်းမတ်တို့ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။



အဲရစ်ဆင်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ယူရိုပွဲမှာ နှလုံးရောဂါကြောင့် ကွင်းထဲ သတိလစ် လဲကျခဲ့ရတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ က ဖင်လန်နဲ့ ဒိန်းမတ်တို့ပွဲမှာ အဲရစ်ဆင်က အခုလိုမျိုး လဲကျခဲ့တာဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်မလို ဖြစ်ခဲ့ရတာပါ။

ဘောလုံးပြန်ကစားနိုင်ဖို့အတွက်၊ အသက်ဆက်ဖို့အတွက် အဲရစ်ဆင်က နှလုံးမှာ စက်တပ်ခဲ့ရပြီး စီးရီးအေရဲ့ စည်းကမ်းကြောင့်လည်း အင်တာမီလန်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက် ဘရန့်ဖို့ဒ်မှာ ကစားခဲ့ပြီး လက်ရှိမှာတော့ ယူနိုက်တက်ကို ရောက်ရှိနေတာပါ။

အဲရစ်ဆင်ဟာ ကစားသမားဘဝ အဆုံးသတ်မလို ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးအပြီး ရက်ပေါင်း (၁,၁၀၀) ကွက်တိမှာတင် ဒိန်းမတ်နဲ့အတူ မနေ့က ယူရိုပြိုင်ပွဲကြီးနွှဲခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဲရစ်ဆင်က ဒိန်းမတ်အတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ပရိသတ်အားလုံးလည်း အဲရစ်ဆင် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒိန်းမတ်တို့ နိုင်ပွဲနဲ့တော့ လွဲချော်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဆလိုဗေးနီးယား ကစားသမား ဂျန်ဇာရဲ့ ကန်ချက် လမ်းကြောင်းပြောင်းပြီး ဂိုးဝင်ခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲပြီးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က