ရီးရဲလ်ရဲ့ ကြီးမားတဲ့အကြံအစည်တစ်ခုလည်းဖြစ်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးအတွက် ရီးရဲလ်အနေနဲ့ အနည်းဆုံးပေါင်သန်း ၂၅ဝအထိ သုံးစွဲရဖွယ်လည်း ရှိနေပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၁-၂၀၂၂ ခုနှစ်ဘောလုံးရာသီမတိုင်ခင်မှာ ဟာလန်းနဲ့ ဘာပေတို့နှစ်ဦးစလုံးကို ခေါ်ယူသွားဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။ စပိန်သတင်းစာ Marca က ဖော်ပြခဲ့တာဖြစ်ပြီး လူငယ်ကစားသမားနှစ်ဦးရဲ့ တိုက်စစ်ပို်င်းဦးဆောင်မှုနဲ့အတူ ရီးရဲလ်က ဘောလုံးလောကကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ သိရပါတ်ယ။ 

ဟာလန်းကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၁၁ပွဲကစားအပြီးမှာ ၁၂ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဟာလန်းနဲ့ ဒေါ့မွန်တို့ဟာ နှစ်ရှည်စာချုပ်ချုပ်ဆိုထားသူတွေဖြစ်ပေမယ့်လည်း စာချုပ်လျော်ကြေးပေါင်သန်း ၆၀သာ ရီးရဲလ်ဘက်က ပေးချေမယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရာရှိနေပါတယ်။ 

ဘာပေကတော့ နည်းပြဇီဒန်းရဲ့ ကာလရှည်ပစ်မှတ်အဖြစ်ရှိနေသူဖြစ်ပါတယ်။ ဘာပေကို ခေါ်ယူဖို့ ဇီဒန်းက အချိန်စောင့်ဆိုင်းနေတာဖြစ်သလို ကစားသမားကလည်း တချိန်ချိန်မှာ ဘာနေဗျူးကလပ်အတွက် ကိုယ်စားပြုကစားပေးဖို့ ဆန္ဒရှိနေပြီးသားဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ကလည်း ဖြစ်မြောက်လာချေအများကြီးရှိနေတာဖြစ်ပါတယ်။ 

ရီးရဲလ်အတွက်တော့ ဒီကစားသမားနှစ်ဦးကို တစ်ပြိုင််နက်တည်းခေါ်ယူသွားမှာမဟုတ်ဘဲ ဟာလန်းကို ၂၀၂၀ ခုနှစ်မှာ အရခေါ်ယူပြီး နောက်တစ်နှစ်မှာတော့ ဘာပေကို ခေါ်ယူဖို့ စီမံကိန်းချထားတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးအတွက် ရီးရဲလ်အနေနဲ့ အနည်းဆုံးပေါင်သန်း ၂၅ဝအထိ သုံးစွဲရဖွယ်လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က