ဆုရရှိဖို့ရေပန်းစားနေသူတေါအတွက် စိတ်ပျက်စရာပါပဲ။

ဒီနှစ်အတွက် ဆုရရှိဖို့ရေပန်းစားနေတဲ့သူကတော့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ဖြစ်ပြီး သူနဲ့အတူအသင်းဖော်မာနေး၊ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းတို့က အပြိုင်ဖြစ်နေပါတယ်။


ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မဲပေးရွေးချယ်ဖို့အတွက် ရွှေ့ဆိုင်းသွားခဲ့ပြီလို့သိရပါတယ်။ ဒါဟာ ၄၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီးတော့ ဒီဆုကိုရရှိဖို့ ရေပန်းစားနေတဲ့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန် နဲ့ နောက်ခံလူအာနိုးလ်တို့အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတွေကို ပေးအပ်ချီးမြှင့်နေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာ ညစာစားပွဲကျင်းပကာ ဆုရရှိသူကို ပေးအပ်ချီးမြှင့်တာဖြစ်ပြီး မူလကတော့ ဧပြီလ ၂၆ ရက်နေ့မှာ Manchester's Victoria Warehouse မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွက် ဆုရရှိဖို့ရေပန်းစားနေတဲ့သူကတော့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ဖြစ်ပြီး သူနဲ့အတူအသင်းဖော်မာနေး၊ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းတို့က အပြိုင်ဖြစ်နေပါတယ်။ လူငယ်ဆုအတွက်တော့ အာနိုးလ်က ရေပန်းအစားဆုံးဖြစ်ကာ အခြားသောလူငယ်ကစားသမားတွေထက် သိသိသာသာအသာစီးရရှိနေခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

တကယ်လို့သာ ဒီရာသီအတွက် ဟန်ဒါဆန်က ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်ကစားသမားတွေက ဒီဆုကို ၃နှစ်ဆက်တိုက်ရရှိတာလည်းဖြစ်လာမှာဖြစ်ပါတယ်။ ၂၀၁၈ မှာ ဆာလာ၊ ၂၀၁၉ မှာ ဗန်ဒိုက်တို့က ရရှိထားခဲ့တာဖြစ်ပြီး ဟန်ဒါဆန်အတွက်ရော၊ လီဗာပူးလ်အတွက်ပါ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ရမယ့်အခွင့်အရေးက ဝေးကွာခဲ့ရပြန်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၂၅ မှတ်အထိ ဖြတ်တောက်ကာ ဦးဆောင်နေခဲ့တဲ့ လီဗာပူးလ်ဟာ ဆုဖလားရရှိဖို့အတွက်လည်း စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပြီး အခုအခါမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ပါ ဝေဝေ၀ါးဝါးဖြစ်သွားခဲ့ပြီဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆိုးကျိုးက လီဗာပူးလ်အတွက်တော့ တော်တော်လေးပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က