အန်သိုနီမာရှယ်ဟာ ရက်ရှ်ဖို့ဒ်၊ ဘစ်စ်ကာတို့ရဲ့ ဖန်တီးပေးမှုတွေကလည်း သွင်းယူခဲ့တာဖြစ်ပြီး နောက်ဆုံးသွင်းဂိုးကိုတော့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးအန်သိုနီမာရှယ်ဟာ ရှက်ဖီးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၇ နှစ်အတွင်း ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်လည်းဖြစ်ပြီး ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီဖြစ်ခဲ့ပြီး ဗန်ပါစီက အက်စတွန်ဗီလာနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဖာဂူဆန်အနားယူသွားခဲ့သလို ယူနိုက်တက်အတွက်လည်း ဟက်ထရစ်သွင်းယူပေးနိုင်တဲ့ ကစားသမားပေါ်ထွက်မလာခဲ့တာ ၇ နှစ်အထိရှိခဲ့ပြီး အဆိုပါမှတ်တမ်းဆိုးကို မာရှယ်က ချေဖျက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်မှာ အသင်းပေါင်း ၂၁ သင်းအထိ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြပြီး လက်ရှိတတိယတန်းမှာ ကစားနေတဲ ့ဆန်းဒါးလန်းအသင်းကတောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းမပါဝင်ခဲ့ဘဲရှိခဲ့ပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာမှ မာရှယ်က စွမ်းဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ Opta က ဖော်ပြခဲ့ပါတယ်။
အန်သိုနီမာရှယ်ဟာ ရက်ရှ်ဖို့ဒ်၊ ဘစ်စ်ကာတို့ရဲ့ ဖန်တီးပေးမှုတွေကလည်း သွင်းယူခဲ့တာဖြစ်ပြီး နောက်ဆုံးသွင်းဂိုးကိုတော့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ မာရှယ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ပြိုင်ပွဲစုံသွင်းဂိုးကလည်း ၁၉ ဂိုးအထိရှိလာခဲ့လို့ ယူနိုက်တက်ကစားသမားဘဝ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။