စက်တင်ဘာလ (၁၇)ရက်နေ့ မနက် (၈)နာရီကနေ စက်တင်ဘာလ (၁၈)ရက် ည(၈)နာရီထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးလူနာ (၃၀)ဦး တိုးခဲ့ပါတယ်။
၁၇ ရက်နေ့မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ ၆ ဦး၊ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီထုတ်ပြန်ချက်မှာ ၁၁ ဦး၊ ၁၇ ရက်နေ့ ည ၈ နာရီမှာ ၃ ဦး၊ ၁၈ ရက်နေ့ မနက် ၈ နာရီမှာ ၁ ဦး၊ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာ ၇ ဦး နဲ့ ၁၈ ရက်နေ့ ည ၈ နာရီမှာ ၂ ဦး တိုးခဲ့ပြီး နှစ်ရက်အတွင်း စုစုပေါင်း သေဆုံးလူနာ (၃၀) တိုးခဲ့တာပါ။
နှစ်ရက်အတွင်း သေဆုံးလူနာ (၃၀)ဦးတိုးခဲ့သလို ပိုးတွေ့လူနာဦးရေကလည်း (၆၄၆)ဦးတိုးခဲ့ပါတယ်။ နှစ်ရက်အတွင်း သေဆုံးခဲ့တဲ့ လူနာတွေထဲမှာတော့ အသက်(၁၃)နှစ်အရွယ်ကလေးတစ်ဦးပါဝင်ခဲ့သလို အသက် (၂၀)ကျော်အရွယ် လူငယ်တွေလည်းပါဝင်ခဲ့တာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ တစ်ရက်ထက်တစ်ရက် လူနာအရေအတွက်ကလည်း အဆမတန်တိုးလာသလို သေဆုံးသူအရေအတွက်လည်းများလာခဲ့ပါတယ်။
ဒီကနေ့ည (၈)နာရီ ထုတ်ပြန်ချက်မှာတော့ ထပ်တိုးလူနာ (၁၆၈)ဦးတိုးခဲ့ပြီး အသက် (၂၃)နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် (၇၄)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာတွေထဲက သေဆုံးသူ (၇၀)ဦးထိရှိနေပြီး ကိုဗစ်ဒုတိယလှိုင်းမှာတင် (၆၃)ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ အတည်ပြုလူနာပေါင်းကတော့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ (၄၄၆၇)ဦးရှိနေပြီဖြစ်ပါတယ်။