မေလဆန်းကစပြီး ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းရောက် မြန်မာတွေမှာတော့ ရောဂါပိုးမတွေ့ရှိရသေးပါဘူး။

ထိုင်း-မြန်မာအစိုးရအစီအစဉ်နဲ့ မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၃ ရက်အတွင်း ၃၀၀၀ နီးပါးခန့်ရှိလာပြီး မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကိုပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာသံရုံးတို့ပူးပေါင်းပြီး အလုပ်သမားတွေကို မေလ ၂၃ ရက်ကစတင်ကာ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာသူ စာရင်းတွေကတော့ မေလ ၂၃ ရက်မှာ ၆၀၄ ဦး၊ ၂၄ ရက်မှာ ၁၁၁၈ ဦးနဲ့ ၂၅ ရက်မှာ ၁၂၇၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။



မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့်ဝင်ရောက်နိုင်ဖို့ အစိုးရက မေလဆန်းပိုင်းကစပြီး ဝင်ရောက်ခွင့်ပြုထားပေမယ့် အဲဒီကာလတုန်းတွေကတော့ ဝင်ရောက်သူနည်းပါးခဲ့ပြီး နှစ်နိုင်ငံအစီအစဉ်အရ ခွင့်ပြုပြီးနောက်ပိုင်းမှာတော့ ဝင်ရောက်သူတွေ ပိုမိုများပြားခဲ့တာလည်းဖြစ်ပါတယ်။

Photo- U Thant ZIn Aung fb (ဒီနေ့ မေလ ၂၆ ရက်မနက် မြဝတီနယ်စပ်ကနေ ပြန်ဝင်လာသူများ)

ဝင်ရောက်လာသူတွေကိုတော့ မြဝတီက ကွာရန်တင်းစင်တာတွေမှာထားရှိပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးနေသလို သက်ဆိုင်ရာ ဒေသတွေက ကွာရန်တင်းစင်တာတွေကိုလည်းပို့ဆောင်ပြီး ဓာတ်ခွဲနမူနာတွေစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။ လက်ရှိ မြဝတီကွာရန်တင်းစင်တာတွေမှာ ဓာတ်ခွဲနမူနာရယူစစ်ဆေးထားမှုမှာ မေလ ၂၃ ရက်မှာ ၂၅၅ ဦး၊ ၂၄ ရက်မှာ ၂၁၇ ဦးနဲ့ ၂၅ ရက်မှာ ၁၃၉ ဦးတို့ကို စစ်ဆေးထားခဲ့ပြီး အားလုံးမှာ Negative အဖြေထွက်ရှိထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၁၆ ရက်ကစလို့ ပြည်ပကပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိထားပေးမယ့် ထိုင်းနိုင်ငံက ပြန်လာသူတွေမှာတော့ ရောဂါပိုးတွေ့ရှိထားခြင်း မရှိသေးပါဘူး။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရ စာရင်းတွေအရ မေလ ၁၆ ရက်ကနေ မေလ ၂၅ ရက် ည ၈နာရီအထိ ပြည်ပကပြန်လာသူ ၂၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး မလေးရှားပြန် (၁၁) ဦး၊ ယူအေအီးပြန် (၈) ဦး၊ အီတလီပြန် (၁) ဦးနဲ့ အိန္ဒိယပြန် (၁) ဦးတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က