၂၀၂၀ ခုနှစ် နှစ်သစ်ကို ကမ္ဘာ့နေရာဒေသ အားလုံးနီးပါးမှာ ကူးပြောင်းရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
(ဆစ်ဒနီမြို့မှာ နှစ်သစ်ကိုကြိုဆိုမှု) (Photo: AAP Image)
စံတော်ချိန် ကွာဟမှုအရ နှစ်စဥ်နှစ်တိုင်း နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့နဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တို့ဟာ ၂၀၂၀ နှစ်သစ်ကို အစောဆုံး ကူးပြောင်းရောက်ရှိခဲ့ကြပါတယ်။ သို့သော် ယခုလက်ရှိ မြန်မာစံတော်ချိန် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်အထိ ၂၀၂၀ ခုနှစ်ကို မရောက်သေးတဲ့ ကမ္ဘာ့နေရာဒေသတွေလည်း ရှိနေပါသေးတယ်။
(ဘိတ်ကာကျွန်းကို Cadillac တောင်တန်းမှ မြင်တွေ့ရမှု) (Photo: Greg A. Hartford)
နှစ်သစ်ကို နောက်အကျဆုံး ကူးပြောင်းရောက်ရှိမယ့် နေရာဒေသတွေကတော့ အမေရိကန် အစွန်အဖျားမှာရှိတဲ့ ကျွန်းငယ်လေးတွေပဲ ဖြစ်ပါတယ်။ အမေရိကန် အစွန်းအဖျားရှိ ဘိတ်ကာကျွန်း (Baker Island) နဲ့ ဟောင်းလန်းကျွန်း (Howland Island) တို့မှာ လက်ရှိအချိန် (မြန်မာစံတော်ချိန် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်) အထိ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီကျော်မျှသာ ရှိသေးပြီး ၂၀၂၀ ခုနှစ်ကို မရောက်သေးပါဘူး။
(အမေရိကန် ဆာမိုအာကျွန်းစု မြင်ကွင်းတစ်ခု) (Photo: VisitTheUSA)
ထို့အတူ အမေရိကန် ဆာမိုအာကျွန်းစု (American Samoa) ဟာလည်း ၂၀၂၀ ခုနှစ်ကို နောက်အကျဆုံး ကူးပြောင်းရောက်ရှိမယ့် ကမ္ဘာ့နေရာဒေသတစ်ခု ဖြစ်ပါတယ်။ အမေရိကန် ဆာမိုအာကျွန်းစုမှာ လက်ရှိအချိန် (မြန်မာစံတော်ချိန် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်) အထိ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီခွဲကျော်သာရှိသေးပြီး ၂၀၂၀ ခုနှစ်ကို မရောက်သေးကြောင်း သိရပါတယ်။
Source: The Sun, Wikipedia, WorldTimeZone