PUBG Mobile ကတော့ ဝင်ငွေအကောင်းဆုံးဂိမ်း ဖြစ်ပါတယ်

၂၀၂၀ ပထမ ၆ လအတွင်း Apple App Store ရဲ့ ဂိမ်းကဏ္ဍကနေ ဝင်တဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၂၃% နီးပါး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Sensor Tower နဲ့ Statista ရဲ့နောက်ဆုံးရ အချက်အလက်များအရ App Store ဟာ ၂၀၂၀ ပထမ ၆ လအတွင်း Gaming apps တွေဆီကနေ ဝင်ငွေ ဒေါ်လာ ၂၂.၂ ဘီလျံအထိ စံချိန်တင်ရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမ ၆ လအတွင်းမှာ App Store ဟာ ဂိမ်း apps တွေကနေ ဝင်ငွေ ဒေါ်လာ ၁၈.၁ ဘီလျံ ရခဲ့တာ ဖြစ်ပါတယ်။



ဧပြီနဲ့ ဇွန် ၃ လအတွင်း Apple App Store ဝင်ငွေဟာ ဒေါ်လာ ၁၁.၆ ဘီလျံ ရှိခဲ့ပြီး Google Play Store ကတော့ အဲ့ဒီအချိန်မှာ ဒေါ်လာ ၇.၇ ဘီလျံ ဝင်ခဲ့တာပါ။ ၂၀၂၀ ပထမ ၆ လအတွင်း Google Play Store ဟာ ဂိမ်းတွေ‌ပေါ်ကနေ ဝင်ငွေ ဒေါ်လာ ၁၄.၆ ဘီလျံရခဲ့တာ ဖြစ်ပြီး App Store ကတော့ Play Store ထက် ၅၂% ကျော် ပိုပြီး ဝင်ငွေရခဲ့တာ ဖြစ်ပါတယ်။

App Store ပေါ် ငွေသုံးစွဲမှု မြင့်နေကြပေမယ့် app downloads အရေအတွက်မှာတော့ Google Play Store က အပြတ်သာနေပါတယ်။ ၂၀၂၀ ပထမ ၆ လပတ်အတွင်း Google Play Store ‌ပေါ်မှာ မိုဘိုင်းဂိမ်း ဒေါင်းလုပ်ဆွဲမှုဟာ အကြိမ်ပေါင်း ၂၂.၈ ဘီလျံနဲ့ App Store ပေါ်မှာ အကြိမ်ပေါင်း ၅.၇ ဘီလျံပဲ ရှိတယ်လို့ ဆိုပါတယ်။

ဂိမ်းဒေါင်းလုပ်ဆွဲမှုအနေနဲ့ PUBG Mobile နဲ့ Honor of Kings တို့ဟာ ဝင်ငွေအမြင့်ဆုံး ဂိမ်းနှစ်ခုဖြစ်ပြီး ပထမ ၆ လအတွင်း ဝင်ငွေဒေါ်လာ ၁ ဘီလျံကျော် ရခဲ့တယ်လို့ ဆိုပါတယ်။ တတိယမြောက် ဝင်ငွေအကောင်းဆုံး ဂိမ်းဖြစ်တဲ့ Monster Strike ဂိမ်းဟာ ၆ လအတွင်း ခန့်မှန်းခြေ ဒေါ်လာ ၆၃၂ သန်း ဝင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က