ပေါင်သန်း (၁၀၀)အထိ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ ကလပ်စံချိန်တင် ကစားသမားကတော့ ပေါ့ဂ်ဘာဖြစ်ပြီး ၂၀၁၆ မှာ ပေါ့ဂ်ဘာကို ဂျူဗီကနေ ပေါင် (၉၈)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်လူငယ်ကစားသမား ဆန်ချိုကို ရရှိဖို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေဖို့အထိ ပြင်ဆင်နေတယ်လို့ The Independent က ဖော်ပြသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ပေါင်သန်း (၁၀၀)အပြင် အခြားခံစားခွင့်တွေကိုပါ ထည့်သွင်းပြီး ကမ်းလှမ်းသွားဖို့ ရှိတယ်လို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။



ဆန်ချိုက ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၉)ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၈)ကြိမ် ပြုလုပ်ပေးထားသူဖြစ်ပြီးတော့ အသက် (၁၉)နှစ်သာ ရှိသေးသူဖြစ်ပါတယ်။ ဆန်ချိုအတွက် ဒေါ့မွန်က ပေါင် (၈)သန်းသာ ကုန်ကျခဲ့ရတာဖြစ်ပြီး ယူနိုက်တက်ဘက်ကသာ ပေါင်သန်း (၁၀၀)နဲ့ ကမ်းလှမ်းမှုသာ အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင် အကျိုးအမြတ်အများအပြားလည်း ရရှိမှာပါ။

ဒေါ့မွန် နဲ့ ဆန်ချိုတို့ဟာ စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးပြီးတော့ ယူနိုက်တက်က ကမ်းလှမ်းခဲ့မယ်ဆိုရင် တစ်စုံတစ်ရာ ငြင်းဆိုစရာလည်း ရှိမှာမဟုတ်ဘူးလို့ Independent က ရေးသားခဲ့ပါတယ်။ ဆန်ချိုကို ရီးရဲလ် နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပြီး ဥရောပထိပ်သီးအသင်းတွေက ဒီကစားသမားအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတာပါ။

ဘွန်ဒက်လီဂါမှာ ခြေစွမ်းပြခဲ့ပြီးနောက် ဆန်ချိုကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နည်းပြဆောက်ဂိတ်က ရွေးချယ်ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ဆန်ချိုက အင်္ဂလန်အတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း သူ့အသင်းကို တောင်ပံတိုက်စစ်ကစားပုံနဲ့ ပြင်ဆင်ဖို့အတွက် ရည်ရွယ်ထားပြီး ယူနိုက်တက်ရဲ့ နာမည်ကျော်တောင်ပံကစားဟန်ကို အသက်သွင်းဖို့ စဉ်းစားနေပါတယ်။

ဒီအတွက် ဆန်ချိုက အသင်းတိုက်စစ်ပိုင်းမှာ အားထားရတဲ့ ကစားသမားဖြစ်လာမယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့နဲ့ တွဲဖက်ပြီး တိုက်စစ်ပိုင်းကို ဦးဆောင်စေဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိကလပ်စံချိန်တင်ကစားသမားကတော့ ပေါ့ဂ်ဘာ

ဖြစ်ပြီး ၂၀၁၆ မှာ ပေါ့ဂ်ဘာကို ဂျူဗီကနေ ပေါင် (၉၈)သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က