Daily Mail သတင်းဌာနက ဖော်ပြလာတာပါ။

ဆန်ချိုကို ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေပေမယ့် မန်ယူအသင်းက ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် လူငယ်တိုက်စစ်မှူး ဆန်ချိုကို ခေါ်ယူနိုင်ရေးအတွက် မန်ယူအသင်းကတော့ ခြေလှမ်းမြန်မြန် ပြင်ဆင်နေပြီလို့ Daily Mail သတင်းက ပြောပါတယ်။

လာမယ့်နွေရာသီမှာ ပေါင် သန်း ၇၀ နဲ့ ခေါ်ယူနိုင်ရေး ကမ်းလှမ်းထားတဲ့ ဆန်ချိုရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် တွေ့ဆုံမှုပြုလုပ်ခဲ့တယ်လို့ မန်ယူအသင်းကလည်း ဖော်ပြထားပါတယ်။ ဆန်ချိုကတော့ ဒီမနက်က ချက်ကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ကျောနံပါတ် ၇ ဂျာစီကိုဝတ်ဆင်ကစားသွားတာ တွေ့ရပါတယ်။

ဒေါ့မွန်ရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကတော့ ဆန်ချိုကို လာမယ့်ရာသီအထိ အသင်းမှာ ဆက်လက် ထားရှိသွားမယ်လို့ ပြောထားတာရှိပေမယ့် The Sun သတင်းဌာနကတော့ ဆန်ချိုအနေနဲ့ မန်ယူနဲ့ ပီအက်စ်ဂျီတို့အတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တိုက်ပွဲ ဖြစ်လာမယ်လို့ ရေးသားထားပါတယ်။

ဆန်ချိုဟာ ငယ်ရွယ်စဉ် ၂၀၁၇ ခုနှစ်တုန်းက မန်စီးတီး အကယ်ဒမီကနေ ဒေ့ါမွန်လူငယ်အသင်းကို ရောက်ရှိသွားခဲ့ပြီး အဲ့နောက်ပိုင်းမှာ စီနီယာ အသင်းအတွက် စတင်ကစားပေးလာခဲ့တာ ဒီနေ့ထိပါပဲ။ လက်ရှိမှာလည်း အင်္ဂလန် စီနီယာ လက်ရွေးစင်အသင်းအတွက် ၄ ပွဲထိ ပါဝင်ကစားပေးထားနိုင်ပြီ ဖြစ်ပြီး ယူ -၂၁ အသင်းကနေ ဆင့်ခေါ်ရွေးချယ်ထားခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချက်နဲ့ပွဲမှာလည်း သူ့ရဲ့ အဆင့်မြင့်ခြေစွမ်းကို ပြသထားပြီး စတားလင်းရဲ့ အဖွင့်ဂိုးကိုဖန်တီးပေးထားနိုင်ခဲ့သူပါ။

တဆက်တည်းမှာပဲ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းကိုရောက်နေတဲ့ လီဗာပူး ကစားသမားဟောင်း ကော်တင်ဟိုကိုလည်း ဆန်ချိုနည်းတူ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားမှု မြင့်မားလျက်ရှိတယ်လို့ ဆိုလာပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က