ရာသီဥတုဆိုးရွားမှုဟာ အဆိုပါ ဒေသတွေမှာ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

နီပေါနိုင်ငံတောင်ပိုင်းမှာ မိုးသက်မုန်တိုင်းကျရောက်ပြီး လေပြင်းများတိုက်ခတ်ခဲ့မှုအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AP)

ရာသီဥတု ပြင်းထန်ဆိုးရွားမှုကြောင့် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်များနဲ့ ဓာတ်အားလိုင်းတိုင်များ လဲပြိုခြင်းတို့ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ မတ်လ ၃၁ ရက် နှောင်ပိုင်းအချိန်က နီပေါတောင်ပိုင်း ဘာရာခရိုင်နဲ့ ဆက်စပ်ဒေသတွေမှာ မိုးသက်မုန်တိုင်းတိုက်ခတ်ခဲ့ကြောင်း ဘာရာခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ Sanu Ram Bhattarai က AFP သတင်းဌာနကို ပြောပါတယ်။



(Photo: Republica)

"အနည်းဆုံး ၂၅ ယောက်လောက်သေပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်၊ ရှာဖွေကယ်ဆယ်ရေး လုပ်နေကြပြီး သေဆုံးသူအရေအတွက် ပိုများလာနိုင်သေးတယ်" လို့ ၎င်းကဆိုပါတယ်။ ရာသီဥတုဆိုးရွားမှုဟာ အဆိုပါ ဒေသတွေမှာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

နီပေါဝန်ကြီးချုပ် ယခု သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးဒဏ်ရာရမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း Twitter မှာ ရေးသားခဲ့ပြီး ၂၅ ဦး သေဆုံးခဲ့ကာ ၄၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ပြောထားပါတယ်။

(Photo: Republica)

"ရဟတ်ယာဉ်တွေကို လိုအပ်တဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအတွက် အသင့်ပြင်ဆင်ထားပါတယ်" လို့လည်း နီပေါဝန်ကြီးချုပ်က ဆိုပါတယ်။ နီပေါနိုင်ငံမှာ နွေဦးရာသီအတွင်း မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ယခုကဲ့သို့ များပြားမှုဟာ ရှားပါးတဲ့ဖြစ်ရပ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က