ဆဲလ်တာဗီဂိုနဲ့ပွဲမှာ ရော်နယ်ဒိုက Adidas ခြေကျင်းဝတ်အကာကို ဝတ်ဆင်ခဲ့တာပါ။

အယ်လ်နာဆာ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆဲလ်တာဗီဂိုကို ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ Adidas ခြေသလုံးအကာကို ဝတ်ဆင်ခဲ့တာကြောင့် Nike နဲ့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းရဖွယ်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက ပထမပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားခဲ့သလို ဒုတိယပိုင်း အစမိနစ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။



အဲ့ဒီနောက်မှာတော့ နည်းပြက သူ့ကို လူစားလဲခဲ့ပြီး အယ်လ်နာဆာကလည်း တစ်ယောက်လျော့ခဲ့သလို ဂိုးတွေလည်း ဆက်တိုက်ပေးခဲ့ရတာကြောင့် ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာပါ။ အဆိုပါပွဲမှာ ရော်နယ်ဒိုက Adidas X Pro ခြေသလုံးအကာကို ဝတ်ဆင်ကစားခဲ့ကြောင်း သိရှိရပါတယ်။

ရော်နယ်ဒိုဟာ Nike နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ ကစားသမားဖြစ်ပြီး ဒီလိုမျိုး Nike ရဲ့ မဟာပြိုင်ဘက် Adidas အဆောင်အယောင်ကို ဝတ်ဆင်ခဲ့တာက Nike ကုမ္ပဏီက တာဝန်ရှိသူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ Nike နဲ့ နှစ်ပေါင်း (၂၀) ကြာ လက်တွဲခဲ့တဲ့ ကစားသမားဖြစ်ပြီး အခုချိန်မှာတော့ သူတို့အကြား ဆက်ဆံရေးက ပျက်စီးရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုနဲ့ Nike တို့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ဟာ ယူရိုသန်း (၁၇၀) တန်ကြေးရှိကြောင်း သိရှိရပါတယ်။ တစ်ဖက်မှာလည်း ရော်နယ်ဒိုအနေနဲ့ Adidas တံဆိပ်ပါ ခြေသလုံးအကာကို ဝတ်ဆင်ကစားခဲ့သလား ဒါမှမဟုတ် အခြားသော ခြေသလုံးအကာတစ်ခုခုကိုသာ ဝတ်ဆင်ကစားခဲ့လားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်မှာ အယ်လ်နာဆာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး မက်လောက်စရာ ငွေကြေးတွေနဲ့အတူ ဆော်ဒီမြေမှာ ကစားလျက်ရှိတာပါ။ သူ့အနေနဲ့လည်း ဥရောပကို ပြန်လာတော့မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားထားပြီး ဆော်ဒီလိဂ်က မေဂျာလိဂ်ထက် ပိုကောင်းတယ်လို့လည်း ဖွင့်ဟထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က