လီဆန်ဒရို မာတီနက်ဇ်ဟာ ယူနိုက်တက်ဂန္တဝင် နီမန်ဂျာ ဗီဒစ်လိုမျိုး ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ္စ ဆာဟာက နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ယူနိုက်တက်ဂန္တဝင် နီမန်ဂျာ ဗီဒစ်လိုမျိုး ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုင်းယက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အင်္ဂလန်ကို ရောက်ရှိလာချိန်မှာ သေးငယ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း ဗဟိုခံစစ်မှာ ဗာရွမ်းနဲ့ တွဲပြီး အထင်ကြီးဖွယ် ခြေစွမ်းနဲ့ သံသယရှိသူတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် လီဆန်ဒရို မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်မြင်မှု ရရှိခဲ့ပြီးနောက် အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိသူဆိုတာကို ထပ်မံ သက်သေပြသခဲ့တာဖြစ်ပါတယ်။

 

လူးဝစ္စ ဆာဟာဟာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အိုးထရက်ဖို့ဒ်က ပွဲဦးထွက်ရာသီနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“သူက အရမ်းကောင်းတဲ့ ဗဟိုခံစစ်ကစားသမားပါ။ လူတွေက သူ မန်ချက်စတာယူနိုက်တက်ကို ပထမဆုံးရောက်လာတဲ့အချိန်မှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကြည့်ပြီး အမြင့်ဘောတွေမှာ စိတ်ချရပါ့မလားဆိုပြီး သံသယရှိခဲ့ကြတယ်။ ဒါပေမယ့် သူက ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာကို ပြသခဲ့ပြီးပြီဖြစ်ပြီး သူက ခံစစ်ပိုင်းမှာလည်း အရမ်းကို တော်ပါတယ်။ ကျွန်တော် သူ တည်တည်ငြိမ်ငြိမ်နဲ့ ကစားတဲ့ပုံစံနဲ့ ၅၀-၅၀ အခြေအနေမှာ ကောင်းမွန်တဲ့ကစားပုံကို တကယ် နှစ်သက်မိပါတယ်။ သူက နီမန်ဂျာ ဗီဒစ် မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တဲ့နေ့တွေတုန်းကလိုမျိုးပဲ ကစားနေပါတယ်။ သူ့ရဲ့ အင်္ဂလန်က ပထမဆုံးရာသီမှာလုပ်နေခဲ့တာတွေကို မြင်တွေ့ရတာက အံ့အားသင့်စရာကောင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က