အချိန်ပို မရှိလောက်ဘူး။

နီနီခင်ဇော်ကိုတော့နှစ်သစ်မှာ ဖက်ရှင်အသစ်နဲ့ ပရိသတ်တွေ မြင်ရတော့မှာဖြစ်ပါတယ်. အလုပ်တွေ အရမ်းကြိုးစားလွန်းတဲ့ နီနီ့ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေ စိတ်ဝင်စားကြဦးမယ် ထင်ပါတယ်.

Photo: နီနီခင်ဇော်



အဆိုတော် နီနီခင်ဇော်ကိုတော့ မတူညီတဲ့ ဖက်ရှင် အမျိုးအစားနဲ့ နှစ်သစ်မှာ တွေ့ရဦးမှာဖြစ်ပါတယ်. မြင်ရရင် အံ့သြငေးမောရလောက်အောင် ဝတ်စားဆင်ယင် တတ်တဲ့ နီနီ က ဒီတစ်ယေခါက်မှာလည်း ဘယ်လို ဖက်ရှင်မျိုးကို ရွေးချယ် ဝတ်ဆင်မလဲ ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်.

'' ဖက်ရှင်ပြောင်းလဲမှုကိုတော့ ဒီတစ်ခေါက် The Voice Myanmar 2 မှာ တွေ့ရမှာပါ . The Voice Myanmar 2 မှာတော့ နီနီ ဒီတစ်ခေါက် ဖက်ရှင် ချိန်းမယ်လို့ စဉ်းစားထားပါတယ်. Stylist စွမ်းနဲ့ တိုင်ပင်ထားပါတယ်. အခုကတော့ လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါး ဘက်ကို နီနီ သွားချင်တယ်'' လို့ ဆိုပါတယ်.

Photo: နီနီခင်ဇော်

နီနီဟာ သီချင်းဆိုပြိုင်ပွဲကြီးကနေတဆင့် င်္ဂီတလောကကို ရောက်လာခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်. အခုချိန်မှာတော့ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီး တစ်ယောက်အဖြစ် ပါဝင်နေရပြီဖြစ်ပါတယ်. ဒါကြောင့်လည်း ဂီတကို ဝါသနာပါတဲ့ လူငယ်တွေ အတွက် အားပေးစကားကိုလည်း ပြောပြခဲ့ပါသေးတယ်

'' တစ်ခါတလေကျတော့ အနုပညာဆိုတာက ထူးဆန်းပါတယ်. ကံကောင်းတိုင်းလည်း ပြိုင်ပွဲမှာ Winner မဖြစ်နိုင်ဘူးပေါ့နော်. ကံရယ်. စန်းရယ်. ပရိသတ်ချစ်တာရယ် လိုတယ်. ဒါတွေ ကလည်း ဘယ်လိုမှ ဖန်တီးယူလို့ မရဘူးဆိုတော့ ပြိုင်ပွဲဆိုတာကို အများကြီး မမျှော်လင့်ထားပါနဲ့ ပြိုင်ပွဲဆိုတာ Luck ရှိတယ်. ပြိုင်ပွဲက Winner ထက် ထာဝရ Winner ဖြစ်ဖို့ အတွက်ကိုပဲ စဉ်းစားပါ'' ဆိုပြီးတော့ အကြံပြုစကားပြောပြပေးခဲ့ပါတယ်.

Photo: နီနီခင်ဇော်

ဂီတအလုပ်တွေရော. ကိုယ်ပိုင်စီးပွားရေး ကိုပါ ဦးဆောင်နေရတဲ့ နီနီခင်ဇော်ရဲ့ အချစ်ရေး အကြောင်းကိုလည်း Duwun က ဆက်လက် မေးမြန်းဖြစ်ခဲ့ပါသေးတယ်. သူမဟာ လက်ရှိမှာတော့ ဂီတ ဖျော်ဖြေရေး ပွဲတွေ မှာ ပါဝင်သီဆိုဖျော်ဖြေနေရသူဖြစ်ပါတယ်.

'' အလုပ်ကို ကြိုးစားတဲ့ မိန်းကလေးတွေဟာ အတ္တများတယ်လို့ပဲ ဆိုရမလား. ကိုယ့်ကိုယ်ကိုယ် ချစ်ကြတယ်. ကိုယ့်အလုပ်ကို အချိန်ပိုပြီးပေးဖြစ်တယ်. နောက်ပြီးတော့ အချိန်ပို ဆိုတာလည်း ရှိလောက်မယ် မထင်ဘူးလို့ နီနီ ထင်တယ်. နီနီကတော့ အခုချိန်မှာ အနုပညာကိုပဲ အာရုံစိုက်နေပါသေးတယ်'' လို့ ဆက်လက်ပြောပြထားပါတယ်.

Photo: နီနီခင်ဇော်

နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ '' ချစ်လျှက်နဲ့ လမ်းခွဲ'' ဆိုတဲ့ သီချင်း MTV လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က