ပန်ကတော့ The Voice Myanmar (Season-3)သီချင်းဆိုပြိုင်ပွဲမှာ Classical Opera ဂီတအမျိုးအစားနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။
Photo: Pan
ပန်ကတော့ Gianni Schicchi ပြဇာတ်ထဲက Oh my beloved Father သီချင်းနဲ့ The Voice Myanmar (Season-3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Coach (၄) ဦးစလုံးက လှည့်ကြည့်ခဲ့တာဖြစ်ပေမယ့် နီနီခင်ဇော်ကို ရွေးချယ်ခဲ့တဲ့ ရည်ရွယ်ချက်ကို Duwun ကနေ ပြောပြလာပါတယ်။
“ ပန်ကတော့ The Voice Myanmar (Season-3) မှာ Classical Opera ဂီတအမျိုးအစားနဲ့ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒီ O Mio Babbino Caro Opera ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတော့ ပန့်ရဲ့ Major Singing ဖြစ်တာကြောင့် ရွေးချယ်လိုက်တာပါ။ ဒီပြိုင်ပွဲ မပြိုင်ခင်တုန်းက ဒီပြိုင်ပွဲက ဒိုင်လူကြီးတွေမှာ သူတို့ ကြိုက်တဲ့ Music အမျိုးအစားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ပန် ကြိုက်တဲ့ Classical Singing ကို မနီနီခင်ဇော်က အကောင်းဆုံး လမ်းပြပေးနိုင်မယ်လို့ ယုံကြည်တယ်။ မနီနီကိုယ်တိုင်ကလည်း ဒီ ဂီတအမျိုးအစားကို သူကြိုက်တယ်။ ဒါကြောင့် မနီနီဆီသွားမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ” လို့ သူက ဆိုပါတယ်။
Photo: Pan
ပန်ဟာ O Mio Babbino Caro Opera ဂီတအမျိုးအစားကို သီဆိုချင်ခဲ့တာကြောင့် The Voice Myanmar မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
ပန်ကိုတော့ Classical Opera ဂီတအမျိုးအစား နဲ့ The Voice Myanmar မှာ သီချင်းဆို ဝင်ပြိုင်ခဲ့ရင်း ပရိသတ်တွေ သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ သူမ ယှဉ်ပြိုင်ခဲ့တဲ့ Oh my beloved Father သီချင်းဟာ ဝါရင့်အဆိုတော်ကြီး Joan Hammond ရဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းဟာ ကမ္ဘာကျော်ပြဇာတ် တစ်ခုဖြစ်တဲ့ Gianni Schicchi ပြဇာတ် ထဲမှာလည်း ပါဝင်ထည့်သွင်းခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းရဲ့ ဘာသာစကားကတော့ အီတလီ ဘာသာစကား ဖြစ်တယ်လို့ သိရပါတယ်။