အက်ဖ်အေဖလားပွဲစဉ်မှာ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရဖို့ရှိနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ ၀ိန်းရွန်း  နီအနေနဲ့ ဒါဘီကောင်တီအသင်းရဲ့ နည်းပြ/ကစားသမားအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ်ဒါဘီကောင်တီအသင်းရဲ့ နည်းပြ/ကစားသမားအဖြစ် တာဝန်ယူထားတဲ့ ၀ိန်းရွန်းနီ က အောင်မြင်မှုများစွာရရှိခဲ့ဖူးတဲ့အသင်းဟောင်းကို ပြိုင်ဘက်နည်းပြအဖြစ် ပြန်လည်ရင်ဆိုင်ရမယ့် အခြေအနေက စိတ်လှုပ်ရှားဖို့ကောင်းသလို ဂန္ထဝင်နည်းပြဖာဂူဆန်ရဲ့ခံစားချက်အချို့ကိုလည်း သိရှိ နားလည်ခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို thesun ကဖော်ပြလာပါတယ်။

၀ိန်းရွန်းနီဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ကစားသမးဘဝစတင်ခဲ့ရာ အဲဗာတ န်အသင်းကို ပြန်လည်ပြောင်းရွှေ့့ခဲ့သလို အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကနေတဆင့် လက်ရှိကစားနေတဲ့ ဒါဘီကောင်တီအသင်းဆီ ပြောင်းရွှေ့ကစားနေခဲ့သူလည်းဖြစ်ပါတယ်။



“ လက်ရှိမှာနည်းပြအဖြစ် တာဝန်ရှိသူပါ။ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့်အေ ခြအနေအ တွက်လည်း စိတ်လှုပ်ရှားမိပါတယ်။လက်ရှိအချိန်မှာတော့ ဆရာဟောင်းဖာဂူဆန်ရဲ့ခံစားချက် တွေ ဆုံးဖြတ်ချက်တွေကို လက်ခံနားလည်ခဲ့ပြီလို့ပဲ ဖြေရမှာပါ။ ယူနိုက်တက်ဆီ ပြိုင်ဘက်နည်းပြအဖြစ်ြ ပ န်သွား ရတဲ့အခိုက်အတံ့က စိတ်ခံစားမှုအများကြီးဖြစ်ပေါ်စေပါတယ် ” လို့ ရွန်းနီက ဆိုခဲ့တာပါ။

ရွန်းနီရဲ့မှတ်ချက်ပြုပြောစကားက ယူနိုက်တက်ပရိသတ်များအတွက် စိတ်လှုပ်ရှားစရာအခိုင်အတံ့ဖြစ် ခဲ့ပြီး အသင်းအတွက်ကိုယ်စားပြုပေးခဲ့တဲ့ အချိန်ကာလတွေအတွင်း ပေးဆပ်ခဲ့တဲ့ဂန္ထဝင်ကစားသမား ဟောင်းကိုအမြဲအမှတ်ရနေမယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့်ဖော်ပြခဲ့ကြပါ သေးတယ်။

ဒါဘီကောင်တီအသင်းရဲ့ မန်နေဂျာအဖြစ် နယ်သာလန်လက်ရွေးစင်ဟောင်းဖြစ်သူ ဖိလစ်ကိုကူးလ်က တာဝန်ယူထားခဲ့သော်လည်း ရွန်းနီက ကစားသမား/နည်းပြအဖြစ် ပူးတွဲတာဝန်ယူထားခဲ့တာဖြစ်ပြီး လာမယ့်အက်ဖ်အေဖလားပဥ္စမအဆင့်မှာ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာ လ ည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က