Myanmar Youth Technopreneurship Development Program 2020 အတွက် ဖိတ်ခေါ်ခဲ့ပါတယ်

နည်းပညာအခြေပြု စွန့်ဦးတီထွင်လုပ်ငန်းတည်ထောင်လိုသူ မြန်မာလူငယ်များအတွက် startup တစ်ခု အောင်မြင်ရေးဆိုင်ရာ အသိအမြင်များဆွေးနွေးဖလှယ်ပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ MICT Park အတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Technopreneurship For Myanmar 4.0 နာမည်နဲ့ ကျင်းပခဲ့တဲ့ ဒီဆွေး‌နွေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့တာပါ။

startup နယ်ပယ်ထဲ ဝင်ရောက်မယ့် လူငယ်များအတွက် ဒီပွဲမှာ ပြည်တွင်းလုပ်ငန်းရှင်ကြီးများနဲ့ လူငယ်စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တို့ရဲ့ အတွေ့အကြုံနဲ့ အသိအမြင် မျှဝေပေးတဲ့ ၄၅ မိနစ်စာ စကားဝိုင်းဆွေးနွေးပွဲနှစ်ရပ်လည်း ထည့်သွင်းကျင်းခဲ့ပါတယ်။


Photo: Duwun Tech

Technopreneurship For Myanmar 4.0 မှာ တတိယအကြိမ် ကျင်းပမယ့် Myanmar Youth Technopreneurship Development Program 2020 အကြောင်း လူငယ်နည်းပညာသမားများနဲ့ မိတ်ဆက်ပေးခဲ့ပြီး MYTDP 2020 အကြောင်းနဲ့ ဆုကြေး အစီအစဉ်များလည်း ကြေညာခဲ့ပါတယ်။ ယခုနှစ် MYTDP 2020 မှာတော့ Accelerate Award ၊ IStartup Award ၊ dea Award နဲ့ Honorable Mention ဆိုပြီး ဆု ၄ မျိုုး ခွဲပေးသွားမှာ ဖြစ်ပြီး နိုင်ငံအဆင့် နည်းပညာပြိုင်ပွဲတွေမှာ အမြင့်ဆုံးဆု ရထားတဲ့ အသင်းများ ၊ ထောက်ပံ့ကြေး ရထားတဲ့ လုပ်ငန်းများနဲ့ အရင်နှစ် MYTDP 2020 မှာ ဆုကြီးရထားတဲ့ အဖွဲ့များကိုတော့ ပြိုင်ပွဲဝင်ခွင့် ကန့်သတ်ထားပါတယ်။

Photo: Duwun Tech

Accelerate Award အတွက် ကျပ်သိန်း ၁၀၀ အထိ ဆုကြေး အမြင့်ဆုံး ပေးသွားမှာ ဖြစ်ပြီး Startup Award ကိုတော့ ဆုကြေး ကျပ်သိန်း ၈၀ ပေးသွားမှာပါ။ Idea Award နဲ့ Honorable Mention ဆုတွေကိုတော့ ကျပ်သိန်း ၃၀ နဲ့ ကျပ် ၈ သိန်း ပေးသွားမှာပါ။ Accelerate award နဲ့ Startup Award ရရှိတဲ့ အသင်းတွေကို ဆုကြေးငွေနဲ့အတူ MICT Park ထဲမှာ ရှိတဲ့ Kanaung Hub ရဲ့ co-working space မှာ ၆ လတာ အလုပ်လုပ်ဖို့ နေရာနဲ့ ကုမ္ပဏီ မှတ်ပုံတင်ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ မီဒီယာတွေမှာ ပါဝင်ခွင့်ရမယ်လို့ ဆိုပါတယ်။

MYTDP 2020 မှာ ပါဝင် ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ http:/www.mmtechnopreneurship.com ဝက်ဘ်ဆိုက်နဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ MPT ရုံးများ (http://bit.ly/2OGsOhv) မှလည်း လျှောက်ထားနိုင်မှာပါ။

Share

Loading Next Article...
က္က