ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကပွဲထွက်ဂိုးသမားအဖြစ် ပစ်ခ်ဖို့ဒ်ကို ရွေးချယ်ဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်အသင်းရဲ့ အဓိကပွဲထွ က်ဂိုးသမားနေရာအတွက် အဲဗာတန်ဂိုးသမားပစ်ခ်ဖို့ဒ်ကို အဓိကအခွင့်အရေးပေးရွေးချယ်ဖွယ်ရှိ နေတ ယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိအင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ဂိုးသမားနေရာအတွက် ရှက်ဖီးလ်ယူနိုက်တက်ဂိုးသမားဒင်းဟ န်ဒါဆင်၊ အဲဗာတန်ဂိုးသမားပစ်ခ်ဖို့ဒ်၊ ဘန်လေဂိုးသမားနစ်ခ်ပုတ်တို့ရှိနေပြီး လက်စွမ်းပိုင်းအတည်ငြိ မ် ဆုံးဖြစ်နေတဲ့ ပစ်ခ်ဖို့ဒ်အပေါ် ထောက်ခံမှုများရှိနေခဲ့ပါတယ်။
“ ပစ်ခ်ဖို့ဒ်ရဲ့ လက်စွမ်းက အတည်ငြိမ်ဆုံးရှိနေခဲ့ပါတယ်။ အင်္ဂလန်ဂိုးသမားတွေထဲမှာ အယုံကြည်ရ ဆုံးကစားသမားတစ်ဦးလို့လဲ သတ်မှတ်ချင်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ရှိတဲ့ ကစား သမားတိုင်း တိုင်းပြည်အတွက် အခွင့်အရေးသေချာပေါက်ရရှိမှာပါ” လို့ အင်္ဂလန်နည်းပြဆောက်ဂိတ် က ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အင်္ဂလန်အသင်းအနေနဲ့ လာမယ့် ယူရို၂၀၂၀ ပြိုင်ပွဲတွင် အုပ်စု(ဃ)အတွင်းကျရောက်နေပြီး ခရိုအေး ရှား၊ ချက်အသင်းတို့ကို အုပ်စုတွင်းပြိုင်ဘက်များအဖြစ်ရင်ဆိုင်ရဖို့ရှိနေခဲ့ပြီး အဖွင့်ပွဲစဉ်မှာ ၂၀၁၈က မ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာအရေးနိမ့်ခဲ့တဲ့ ခရိုအေးရှားအသင်းကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲကျင်းပမယ့် ဇွန်လမတိုင်မီ ခြေစမ်းပွဲအချို့ကစားဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေး စင်အ သင်းအနေနဲ့ မတ် ၂၈ရက်နေ့တွင် အီတလီ၊ ဧပြီ ၁ရက်တွင် ဒိန်းမတ်၊ ဇွန် ၃တွင်သြစတြီးယား၊ ဇွန် ၆ တွင် ရိုမေးနီးယားအသင်းတို့နဲ့ ခြေစွမ်းပိုင်းစမ်းသပ်ဖို့ရှိနေတယ်လို့လည်း အက်ဖ်အေက အတည်ပြု သ တင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။