နီပေါနိုင်ငံ အဝေးပြေးလမ်းမတစ်ခုမှာ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး နက်ရှိုင်းတဲ့ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
(Photo: myrepublica.nagariknetwork)
(Photo: myrepublica.nagariknetwork)
"ကျွန်တော်တို့ ခရီးသည် ၁၇ ယောက်နဲ့ ဘတ်စ်ကားမောင်းသူရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ထားပါတယ်၊ အဲဒီအလောင်းတွေထဲမှာ နို့စို့အရွယ် ကလေးနှစ်ယောက်လည်းပါပါတယ်" လို့ ဒေသဆိုင်ရာ တာဝန်ရှိသူ Bijayarj Poudel က AFP သတင်းဌာနကို ပြောပါတယ်။ ဒဏ်ရာရသူ ၁၂ ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး နောက်ထပ် ခရီးသည်တွေ ကျန်ရှိနေသေးခြင်းရှိ မရှိ မသိရသေးဘဲ ကယ်ဆယ်ရေးသမားတွေက ချောက်ထဲသို့ဆင်းကာ ရှာဖွေနေကြပါတယ်။ ဘတ်စ်ကား ချောက်ထဲထိုးကျတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
(Photo: myrepublica.nagariknetwork)
ဆင်းရဲတဲ့ နီပေါနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက လူသေဆုံးမှုဖြစ်တဲ့ လမ်းမပေါ် မတော်တဆမှုတွေ ဖြစ်ပွားနေကျလည်း ဖြစ်ပါတယ်။ လမ်းမများ အရည်အသွေးညံ့ဖျင်းမှု၊ ပြုပြင်ထိန်းသိမ်းမှုမရှိခြင်းနဲ့ မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ယခုလ အစောပိုင်းကလည်း လူအများအပြား ပြည့်သိပ်တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီးနောက် မြစ်တစ်ခုထဲသို့ ထိုးကျသွားခဲ့မှုကြောင့် ကလေးခုနစ်ဦး အပါအဝင် လူ ၁၇ ဦထက်မနည်း သေဆုံးခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။