လီဗာပူးအနေနဲ့ ဖာမီနိုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့လည်း ရှိနေပြန်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူးတီမိုဝါလ်နာကို ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့အတွက် အခြေအနေအကောင်းဆုံးဖြစ်နေခဲ့တဲ့ လီဗာပူးအသင်းရဲ့တိုက်စစ်မှူး ဖာမီနိုအနေနဲ့ ရာသီကုန်မှာအသင်းကနေ ထွက်ခွာရဖို့ရှိနေပြီး ဘွန်ဒက်စ်လီဂါသို့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ရာခိုင်နှုန်းများနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ဘွန်ဒက်စ်လီဂါကလပ် ဟော့ဖန်ဟိမ်းအသင်းကနေ လီဗာပူးအသင်းဆီရောက်ရှိလာခဲ့တဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးရဲ့ ၅နှစ်သက်တမ်းရှိစာချုပ်ဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးဖိုု့ရှိ နေတာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြမှုများအရ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်အနေနဲ့ အသင်းရဲ့အနာဂတ်တိုက်စစ်နေရာမှာ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါလ်နာကို ဆာလက်ဒ်၊ မာနေးလ်တို့နဲ့အတူ တွဲဖက်အသုံးပြုလိုနေတဲ့အတွက် ဖာမီ နိုကို လက်လွှတ်ဖို့ရှိနေတယ်လို့ သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့တာပါ။

ဂျာမနီမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသက်အရွယ်ရလာပြီဖြစ်တဲ့ အဓိက တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့ နေရာမှာ ဘွန်ဒက်စ်လီဂါအတွေ့အကြုံရှိထားတဲ့ ဖာမီနိုကို အနာဂတ်ကစားသမား အဖြစ် ခေါ်ယူလိုနေတယ်လို့လည်း အခိုင်အမာသတင်းဖော်ပြမှုများရှိနေခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေအရ ဖာမီနိုအတွက် သက်တမ်းတိုးစာချုပ်သစ်တစ်ရပ်ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပေမယ့် ကာယကံရှင်ဖြစ်သူကတော့ တီမိုဝါလ်နာရောက်ရှိလာခဲ့ပါက ဘွန်ဒက်စ်လီဂါဆီ ပြန်လည်ပြောင်းရွှေ့ဖို့အတွက် အေးဂျင့်ဖြစ်သူအား အသိပေးမှုအချို့ပြုလုပ်ထားတယ်လို့လ ည်း သိရပါတယ်။

Share

က္က