ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသားလို့ ပြောခဲ့တာပါ။

မာဆယ်လို ဘီအယ်လ်ဆာက အင်္ဂါနေ့ညနေမှာ မန်ချက်စတာစီးတီးအသင်းကို ၎င်းရဲ့အသင်းက ၇-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စစ်မှန်တဲ့ ဆင်ခြေပေးစရာ မရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေရှိနေတဲ့ လိဒ်စ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးကို ဘယ်လိုမှ ယှဉ်လို့မရခဲ့ဘဲ ဖီးလ် ဖိုဒန်၊ ဂျက် ဂရီးလစ်ရှ်၊ ကီဗင် ဒီဘရိုင်းနားရဲ့သွင်းဂိုး ၂ ဂိုးနဲ့ မာရက်ဇ်၊ ဂျွန် စတုန်းစ်၊ နေသန် အကီတို့ရဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ မာဆယ်လို ဘီအယ်လ်ဆာရဲ့ ရှည်ကြာလှပြီဖြစ်တဲ့ နည်းပြဘဝသက်တမ်းရဲ့ ၅၆၈ ပွဲမြောက် ပွဲစဉ်အတွင်း ပထမဆုံးအကြိမ် ၇ ဂိုးအထိ ခွင့်ပြုခဲ့ရတာလည်း ဖြစ်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ဟာ လက်ရှိမှာတော့ ယခုရာသီ ပရီးမီးယားလိဂ် ၁၇ ပွဲကနေ ၁၆ မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။



အနိုင်ရရှိခဲ့လို့ ၃ မှတ် ရရှိခဲ့မယ်ဆိုရင်တောင်မှ ရာသီရဲ့ ဒီလိုအချိန်မျိုးမှာ ရမှတ်အနည်းဆုံးဖြစ်ခဲ့တဲ့ ၁၉၃၀-၁၉၃၁ ရာသီတုန်းကသာ ဒီထက် ရမှတ်လျော့နည်းရရှိခဲ့တာဖြစ်ပြီး BBC Match of the Day က ဒီပွဲမတိုင်မီ ပွဲစဉ်တလျှောက်လုံး ခက်ခဲလိမ့်မယ်လို့ တွေးမိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ ဘီအယ်လ်ဆာက အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။

"တွေးစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အသင်းတစ်သင်းက ကွာခြားမှုတွေဖြစ်လိမ့်မယ်လို့ ကျွန်တော် မတွေးခဲ့ပါဘူး။ သူတို့တွေ ကျွန်တော့်ကို အံ့အားမသင့်စေခဲ့ပါဘူး။ ကျွန်တော် ပြောနေတာက ကျွန်တော်တို့တွေ ဘာတစ်ခုမှ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးဆိုတာပါ။ ကောင်းကောင်း မခုခံနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဘောလုံးတောင် ရအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီပွဲစဉ်ကနေ ဘာမှ လေ့လာသင်ယူစရာ ဘာမှမရှိပါဘူး"

"အသင်းတစ်သင်းက တစ်ဦးချင်းနဲ့ အဖွဲ့လိုက်မှာ တန်ဖိုးထားဖို့ ထိုက်တန်တာ ဘာမှမရှိတဲ့အခါမှာ အဲဒါက တစ်ဦးချင်းစီရဲ့ ပြဿနာမဟုတ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ပြဿနာရှိနေတာပါ။ ဒီပွဲကို ကစားဖို့ လာတဲ့အခါမှာ ကျွန်တော်တို့ ပြိုင်ဘက်အသင်း ဘာမှမလုပ်နိုင်အောင် ကာကွယ်ရမယ်ဆိုတာကို သိခဲ့ပါတယ်။ မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တာ ဘာမှမရှိပါဘူး။ အံ့အားသင့်စရာလည်း မရှိပါဘူး။ ကျွန်တော်တို့ မျှော်မှန်းထားတာကို လုပ်ဖို့ လာခဲ့ပြီး အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ ဒါက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်ဆိုတာ ရှင်းလင်းနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က