လီဗာပူးဂန္တဝင်အသင်းကို အဲရစ်ဆင်က ကိုင်တွယ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးဂန္တဝင်နဲ့ အေဂျက်စ်ဂန္တဝင်တို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးက ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။​ ဒီပွဲမှာ လီဗာပူးဂန္တဝင်အသင်းရဲ့နည်းပြအဖြစ် နည်းပြကြီး အဲရစ်ဆင်က တာဝန်ယူကိုင်တွယ်ခဲ့တာပါ။



အဲရစ်ဆင်ဟာ ကုသလို့မရတော့တဲ့ ကင်ဆာရောဂါဆိုးကို ရင်ဆိုင်နေရတာဖြစ်ပြီး သူ့ရဲ့ အသက်ရှင်သန်ချိန်က (၁) နှစ်တောင် မကျန်ရှိတော့ပါဘူး။ ဒါ့အပြင် သူက လီဗာပူးကို နည်းပြအဖြစ် ကိုင်တွယ်ဖူးချင်တယ်လို့ ပြောကြားထားတာကြောင့် လီဗာပူးက အခုလိုမျိုးပဲ​ ရန်ပုံငွေခြေစမ်းပွဲမှာ အဲရစ်ဆင်ကို နည်းပြအဖြစ် ကိုင်တွယ်စေခဲ့တာပါ။


အန်ဖီးလ်ကွင်းမှာ လက်မှတ်တွေအားလုံး ကုန်စင်အောင် ရောင်းချခဲ့ရတဲ့ ဒီပွဲမှာ လီဗာပူးပရိသတ်တွေက အဲရစ်ဆင်ကို အကြီးအကျယ် ဂုဏ်ပြုခဲ့ကြပြီး ဆွီဒင်လူမျိုးနည်းပြကြီးအတွက်တော့ ဂုဏ်ယူစရာ အခိုက်အတန့်၊ မမေ့နိုင်စရာ အခိုက်အတန့်ဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ အဲရစ်ဆင်ရဲ့ လီဗာပူးဂန္တဝင်အသင်းက ဒူးဒက်၊ စကာတဲလ်၊ အဂ္ဂါ၊ အော်ရီယယ်လို၊​ မက်ဆီရိုဒရီဂွက်ဇ်၊ ဆစ်ဆိုကို၊ စပီးယားရင်း၊ ဘာဘယ်၊ ဂျရတ်၊ တောရက်စ်တို့လို ကစားသမားဟောင်းကြီးတွေ အစုံအလင် ပါဝင်ကစားသွားခဲ့ပါတယ်။

အေဂျက်စ်ဘက်ကလည်း အဂ္ဂါဒေးဗစ်၊ ဒီဂျောင်၊ ဗန်ဒါဗတ်တို့လို ကစားသမားတွေ ပါဝင်ကစားခဲ့ပြီး အေဂျက်စ်ဘက်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗစ်ဂ်နယ်၊ ဆစ်စီ၊ အယ်လ်ဇာနဲ့ တစ်ပွဲလုံး ဂိုးကံခေနေတဲ့ တောရက်စ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် လီဗာပူးက ၄-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကတော့ အဲရစ်ဆင်အတွက် မမေ့နိုင်စရာ နိုင်ပွဲ၊ အမှတ်တရဖြစ်စရာပွဲဖြစ်ခဲ့ရပြီး လီဗာပူးပရိသတ်တွေအတွက်တော့ အဲရစ်ဆင်ကို အမြဲတမ်း အမှတ်ရနေကြမှာ အသေအချာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က