နွေရာသီ အစီအစဉ်တွေကိုပါ ပြောကြားခဲ့တာပါ။

ရိုးမားနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်အထိ နည်းပြလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုက လက်ရှိအချိန်အထိ သတင်းထူး တစ်စုံတစ်ရာမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေအပြင် ဥရောပထိပ်တန်းအသင်းအချို့ကလည်း စိတ်ဝင်စားနေပါတယ်။

အသက် (၆၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြကြီးဟာ ရိုးမားကို နှစ်ရာသီဆက်တိုက် ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲအဆင့်တွေကို ပို့ဆောင်ပေးခဲ့တာပါ။ ဒီအထဲမှာမှ ယူရိုပါကွန်ဖရင့်လိဂ်ကို ဆွတ်ခူးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာတော့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီရာသီမှာတော့ မော်ရင်ဟိုနဲ့ ကစားသမားတွေအကြား၊ အသင်းတာဝန်ရှိသူတွေအကြား ပြဿနာအချို့ရှိခဲ့ပုံရပြီး ရလဒ်တွေဆိုးရွားလာတဲ့နောက် မော်ရင်ဟိုကို ရိုးမားတို့ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဒီရော့ဆီနဲ့ အစားထိုးခန့်အပ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မော်ရင်ဟိုက MotoGP Grand Prix ၊ Formula One တို့လို ပြိုင်ပွဲတွေမှာ သွားရောက်လည်ပတ်ရင်း အချိန်ကုန်ဆုံးနေပါတယ်။

လက်ရှိသူ့ရဲ့ အနေအထားနဲ့ ပတ်သက်လို့ မော်ရင်ဟိုက “လက်ရှိအခိုက်အတန့်မှာတော့ ဘာသတင်းမှမရှိပါဘူး။ ကျွန်တော်က အသင်းလက်မဲ့ဖြစ်ပြီး အားလပ်ချိန်ရှိနေဆဲပါ။ ဒါပေမယ့် ကျွန်တော် အလုပ်ပြန်လုပ်ချင်နေပါပြီ။ စိတ်မပူပါနဲ့။ ဒီနွေရာသီမှာ ကျွန်တော် နည်းပြအဖြစ် ပြန်လာခဲ့မှာပါ”

“ကျွန်တော့်ရဲ့ဘဝက ဘောလုံးပါ။ ကျွန်တော် ဘယ်နေရာမှာမဆို နည်းပြလုပ်နိုင်ပါတယ်။ ဘာပြဿနာမှမရှိပါဘူး။ ပေါ်တူဂီကို ပြန်လာဖို့အတွက်လည်း ဘယ်တုန်းကမှ မဖြစ်နိုင်ဘူးလို့ မငြင်းဆန်ဖူးပါဘူး။ အထူးသဖြင့် ဘောလုံးနဲ့ပတ်သက်ပြီးတော့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က