အဲရစ်တန်ဟက်ခ်က ချမ်းသာတဲ့မိသားစုမှာ ကြီးပြင်းလာခဲ့တာပါ။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်ရဲ့မိသားစုဟာ ငွေကြေးချမ်းသာတဲ့ ဓနရှင် လူတန်းစား အသိုင်းအဝိုင်းကဖြစ်တယ်လို့ ဒေးလီးစတား သတင်းဌာနကဖော်ပြခဲ့ပါတယ်။ အသက် (၅၂) နှစ်အရွယ် အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်ကို လာမယ့်နွေရာသီကစလို့ ကိုင်တွယ်တော့မှာပါ။



ဒီနည်းပြအတွက် ယူနိုက်တက်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် လစာအများဆုံး နယ်သာလန်နည်းပြဖြစ်လာစေဖို့ စီစဥ်ပေးထားတယ်လို့ နယ်သာလန်အခြေစိုက်သတင်းဌာနကဆိုပါတယ်။ ဒါပေမယ့်လည်း အဲရစ်တန်ဟက်ခ်ရဲ့မိသားစုဟာ သန်းနဲ့ချမ်းသာပြီး နယ်သာလန်နိုင်ငံရဲ့ အကြွယ်ဝဆုံး မိသားစုတွေထဲက တခုဖြစ်ပါတယ်။

သူတို့ရဲ့ အဓိကလုပ်ငန်းကတော့ အိမ်ခြံမြေလုပ်ငန်းဖြစ်ပြီး အဲရစ်တန်ဟက်ခ်ရဲ့ ဖခင်ဖြစ်သူ ဟန်နီက ဒီကုမ္ပဏီကို (၁၉၆၇) မှာ စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိကုမ္ပဏီကိုတော့ အဲရစ်တန်ဟက်ခ်နဲ့ညီအကို တော်စပ်သူတွေဖြစ်တဲ့ အကိုဖြစ်သူ ရီကိုနဲ့ ညီဖြစ်သူ မီချယ်လ်တို့က ကြီးကြပ်နေပြီး မီချဲလ်က ကုမ္ပဏီဥက္ကဌတယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

အကိုအကြီးဆုံးဖြစ်တဲ့ မီချဲလ်က ဖခင်ဟန်နီ အနားယူသွားတဲ့နောက် ကုမ္ပဏီကို ဆက်လက်ဦးစီးခဲ့တာဖြစ်ပြီး သားအလတ်တယောက်ဖြစ်တဲ့ အဲရစ်တန်ဟက်ခ်ကိုလည်း အိမ်ခြံမြေလုပ်ငန်း ဒါမှမဟုတ် အခြားဘဏ္ဍာရေးလုပ်ငန်းတခုခုမှာ ပါဝင်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်တန်ဟက်ခ်ကတော့ ဒီလုပ်ငန်းတွေကို စိတ်မဝင်စားဘဲ သူ့လမ်းသူဖောက်ကာ ခရီးဆက်ခဲ့တာပါ။

အဲရစ်တန်ဟက်ခ်ဟာ ဘောလုံးသမားဘဝကိုလည်းဖြတ်သန်းခဲ့ဖူးပြီး အသက် (၃၂) နှစ်အရွယ်မှာ နည်းပြလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ အေဂျက်စ်မှာတော့ နည်းပြဘဝ အအောင်မြင်ဆုံးအချိန်တွေကို ဖြတ်သန်းနိုင်ခဲ့ပြီး သူ့နည်းစနစ်နဲ့ ကစားသမားတွေကို အရောင်တင်ပေးနိုင်မှုကြောင့် ဥရောပထိပ်တန်းအသင်းတွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်နည်းပြသစ်အဖြစ် တရားဝင်ဆောင်ရွက်တော့မှာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေက ယူနိုက်တက်မှာရော ခရီးဆက်နိုင်ဦးမလား စောင့်ကြည့်ရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က