ဇူလိုင်လကစပြီး လက်ရွေးစင်အသင်းအတွက် မကစားပေးရတော့တာဖြစ်ပါတယ်။

ကင်မရွန်းမှာ ကျင်းပတော့မယ့် အာဖရိဖလားပြိုင်ပွဲအတွက် မော်ရိုကိုအသင်းက လူစာရင်းရွေးချယ်ခဲ့ရာမှာ ချယ်လ်ဆီးတောင်ပံကစားသမားဇီယက်ချ် ကျန်နေရစ်ခဲ့ပြီဖြစ်ပါတယ်။ မော်ရိုကိုရဲ့ နာမည်ကျော်ကစားသမားတွေထဲက တဦးဖြစ်တဲ့ ဇီယက်ချ်ဟာ နည်းပြဖြစ်သူနဲ့ ရန်ဖြစ်ခဲ့ပြီးနောက် အသင်းကနေ ထုတ်ပယ်ခံခဲ့ရကာ အခုအခါမှာ အဓိကပြိုင်ပွဲတခုကိုပါ လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ 

ဇူလိုင်လအတွင်းကစားခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ ခြေစမ်းပွဲကစကာ ဇီယက်ချ်က လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမာဟာ နည်းပြဗာဟစ်ဟာလီဟော့ဒ်ဇစ်နဲ့ လေ့ကျင့်ကွင်းမှာ အကြီးအကျယ်ပြသနာဖြစ်ပွားထားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ရွေးချယ်မှုမပြုခဲ့လို့ အားလုံးအံ့အားသင့်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ တူချယ်လ်ကတော့ ဝမ်းသာနေမှာ သေချာပါတယ်။ 

ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီ၊ ၀ုလ်ဗဟိုခံစစ်မှူးရိုမိန်းဆိုင်းစ်တို့တော့ ရွေးချယ်ခံခဲ့ရပါတယ်။ အာဖရိကဖလားပွဲကိုတော့ ဇန်နဝါရီ ၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ မော်ရိုကိုက အုပ်စုတွင်းမှာ ဂါနာ၊ ကိုမိုရို့စ်၊ ဂါဘွန်တို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖိုပ ရေပန်းစားနေခဲ့ပါတယ်။ 

ချယ်လ်ဆီးနည်းပြတူချယ်လ်ကတော့ နှစ်သစ်ကူးပွဲကျပ်ကာလအတွက် ကစားသမားအပြောင်းအလဲတွေ ပိုမိုပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ အသင်းမှာ ကိုဗစ်ကူးစက်ခံရသူတွေ များပြားနေချိန် ဇီယက်ချ်ကို စေလွှတ်ရမှာမဟုတ်လို့ စိတ်ကျေနပ်စရာကောင်းနေပြီဖြစ်ပါတယ်။ ဇီယက်ချ်ဟာ ဂါနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းဆေးအဖွဲ့က သူ ကစားလို့ရတယ်လို့ ပြောနေတဲ့ကြားက ဒဏ်ရာအကြောင်းပြပြီး ကစားဖို့ငြင်းဆန်ခဲ့ကာ နည်းပြနဲ့ ပြသနာတက်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က