နည်းပြသစ်နဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ယူနိုက်တက် ဘောလုံး ဒါရိုက်တာ ဂျွန်မာတာ့ဖ်က လာမယ့်နည်းပြသစ်အနေနဲ့ ပြည်တွင်းဖလားတွေရော၊ ဥရောပဖလားတွေရောပါ စိန်ခေါ်နိုင်ဖို့ လိုအပ်တယ်လို့ အခုတည်းက သတိပေးစကားပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ နည်းပြချုပ်အသစ် ခန့်အပ်မှာဖြစ်ပြီး ဒီအတွက် အခုတည်းက စျေးကွက်မှာ လှုပ်ရှားနေပါတယ်။



လက်ရှိ ယာယီနည်းပြ ရန်းနစ်ဂ်ကိုယ်တိုင်လည်း နည်းပြသစ်ရှာဖွေရေးလုပ်ငန်းတွေမှာ အသင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို ရန်းနစ်ဂ်တယောက် အဓိက မျက်စိကျနေပါတယ်။ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး အခြေအနေကလည်း ကိုဗစ်ပြဿနာတွေရှိခဲ့တာတောင်မှ (၇.၃) ရာခိုင်နှုန်းတိုးတက်လာတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်ရဲ့ နောက်ထပ်ရည်မှန်းချက်ဖြစ်တဲ့ ပြည်တွင်းနဲ့ဥရောပမှာပါ ထိပ်တန်းအသင်းကြီးအဆင့်ကို အမြန်ဆုံး ပြန်လည်ရောက်ရှိဖို့ စီမံကိန်းကို ဂျွန်မာတာ့ဖ်က အကောင်အထည်ဖော်ဖို့ အပူတပြင်းကြိုးစားလျက်ရှိပါတယ်။ ဂျွန်မာတာ့ဖ်က “နည်းပြသစ် ခန့်အပ်ဖို့ ကိစ္စရပ်တွေအတွက် ကျနော်တို့အခုတည်းက ဆောင်ရွက်လှုပ်ရှားနေပါပြီ”

“လာမယ့်နွေရာသီမှာ စတင်ကိုင်တွယ်မယ့် အမြဲတမ်းနည်းပြသစ်က ကျနော်တို့ ယူနိုက်တက်ကို ပြည်တွင်းဖလားတွေ၊ ဥရောပချန်ပီယံဆုတွေ စိန်ခေါ်နိုင်တဲ့ အသင်းတသင်းဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်သတ်မှတ်ထားပါတယ်။ တည်ငြိမ်မှုက အဓိကအရေးပါတဲ့ သော့ချက်ဆိုတာကို ကျနော်တို့ သိပါတယ်”

“ဒီရာသီမှာလည်း ကျနော်တို့ ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် ဒီအရာက ယူနိုက်တက်ရဲ့ နောက်ဆုံးသော ရည်မှန်းချက်မဟုတ်ဘူးဆိုတာကို ကျနော် ထပ်လောင်းပြောလိုပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းက ထိပ်တန်းအဆင့်ရှိ ချန်ပီယံဆုတွေကို ပစ်မှတ်ထားနိုင်ဖို့ အာရုံစိုက်ကြိုးစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ်ရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်တို့ အဓိကရေပန်းစားနေပါတယ်။ ပိုချက်တီနိုကတော့ ယူနိုက်တက်ရဲ့ ချဥ်းကပ်မှုကို ပယ်ချပြီး ရီးရဲယ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း မကြာခင်က သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က