ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းကို ခေါ်ယူပြီး ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်တဲ့အကွက်ပြုလုပ်ဖို့ ကြိုးပမ်းနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မှန်ကန်တဲ့ နည်းပြ အစားထိုးခန့်အပ်မှုကို ပြုလုပ်နိုင်မယ်ဆိုရင် ရာသီကုန်အထိ ယာယီနည်းပြနဲ့ ဆက်သွားနေတာထက် အမြဲတမ်းနည်းပြသစ် ခန့်အပ်နိုင်တဲ့ အလားအလာရှိနေဆဲဖြစ်ပါတယ်။

မူရီဆီယို ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြအဖြစ် လက်ရှိ တာဝန်ယူကိုင်တယ်နေတာတောင်မှ လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးတည်ချက်က အာဂျင်တီးနားလူမျိုးနည်းပြဆီကိုပဲ မြှားဦးလှည့်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုအနေနဲ့ ကလပ်အသင်း ၂ သင်းကြား သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်ကို သွားဖို့ အထုပ်အပိုးပြင်လိမ့်မယ်လို့ ယုံကြည်ရပြီး လီဂူးဝမ်းအသင်းကြီးက အာဂျင်တီးနားလူမျိုးနည်းပြနေရာမှာ အစားထိုးနိုင်ခြေရှိတဲ့သူကိုတောင် ရွေးချယ်ထားခဲ့ပြီးဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် သဘောတူညီမှုရဖို့ကိစ္စဟာ ပိုမိုနီးကပ်လာတဲ့ အခင်းအကျင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

ESPN က တွစ်တာမှာ ဖော်ပြခဲ့တဲ့သတင်းအရ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ သိရပြီး ပြင်သစ်လူမျိုးနည်းပြဟာ ပြင်သစ်လက်ရွေးစင်အသင်းက ဒက်စ်ချမ့်ရဲ့နေရာကို လိုချင်နေတာဖြစ်ပမေယ့် လက်ရှိမှာတော့ အဲဒီအလုပ်က လစ်လပ်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုးပမ်းတာက ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်တဲ့အကွက်ဖြစ်ပြီး ဇီဒန်းရဲ့ လက်ဖျားခါရတဲ့ နည်းပြအရည်အချင်းကို ရရှိရုံတင်မကဘဲ အသင်းကနေ ထွက်ခွာချင်နေတဲ့ ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကိုပါ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက ၎င်းအနေနဲ့ နည်းပြ ဇီဒန်းလက်အောက်မှာ ကစားလိုကြောင်း လူသိရှင်ကြား ဝန်ခံထားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် မိဘတွေက မွေးရပ်မြေမှာပဲ ဘောလုံးကစားရင်း ပညာသင်စေချင်တာကြောင့် မိုနာကိုအသင်းနဲ့ပဲ ဆက်နေဖြစ်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပြိုင်ပွဲစုံ ၂၆ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ၂၀၁၆-၂၀၁၇ ရာသီအတွင်း လီဂူးဝမ်းဖလားကို မိုနာကိုအသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ ပီအက်စ်ဂျီအသင်းကို ပေါင် ၁၆၆ သန်းနဲ့ အပြီးသတ်မပြောင်းရွှေ့မီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုးခန့်အပ်နိုင်ခြေရှိတဲ့ ပစ်မှတ်စာရင်းထဲမှာ ပိုချက်တီနိုကို နံပါတ်တစ် ဦးစားပေး ပြုလုပ်ထားတာဖြစ်ပြီး တကယ်လို့ အာဂျင်တီးနားလူမျိုးနည်းပြသာ ပြင်သစ်ကလပ်အသင်းကို မစွန့်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ရီးရဲလ်နည်းပြဟောင်း ဇီဒန်း၊ ရန်းဂနစ်၊ အိုင်းယက်စ်နည်းပြ အဲရစ် တန် ဟက်ဂ်၊ လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိပါတယ်။

Share

Loading Next Article...
က္က