နှစ်ဦးစလုံးက မာတီနက်ဇ်ကို လက်ညိုးပြန်ထိုးနေကြပြန်ပါတယ်။

ဘရန်ဒန်ရော်ဂျာက ၂၀၀၈ ခုနှစ်ကတည်းက လီဗာပူးနည်းပြ ဖြစ်ချင်ခဲ့သူလို့ သိရပြီး ဘင်နီတက်ဇ်ကတော့ ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ လက်စတာအသင်းပိုင်ရှင် ဗစ်ချိုင်းရဲ့ ပုဂ္ဂိုလ်ရေး အထင်ကြီးမှုကို ရယူထားနိုင်သူဖြစ်တယ်လို့ သိရပါတယ်။

လစ်လပ်နေတဲ့ လက်စတာအသင်းရဲ့ နည်းပြရာထူးအတွက် ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်တို့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ BBC SPORTက ဖော်ပြပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ၂ ဦးစလုံးကတော့ ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီးနက်ဇ်ကိုသာ လက်စတာ အသင်းနည်းပြဖြစ်လာမယ်လို့ ပြန်လည်ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ မာတီနက်ဇ်ကတော့ ဘယ်လ်ဂျီယံအသင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယနေရာ ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွင် ပြင်ဆင်ပေးနေသူပါ။

အခုလက်ရှိ ထိပ်ဆုံးက ရေပန်းစားနေတဲ့ ဘရန်ဒန်ရော်ဂျာကတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်စတာအသင်းကို နည်းပြချင်ခဲ့တာ ဖြစ်ပြီး ဘင်နီတက်ဇက်ကတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ လက်စတာ အသင်းပိုင်ရှင်ရဲ့ ပုဂ္ဂိုလ်ရေး မျက်စိကျနေမှု ရှိနေသူလို့သိရပါတယ်။

လက်စတာအသင်းကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲရှုံး ၁ ပွဲသရေသာ စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ကလောက်ပေါလ်ကို ရာထူးမှ ထုတ်ပယ်ထားတာ ဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်နဲ့ ကစားမယ့် ပွဲအပြီး နည်းပြအစားထိုးမှာလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။

ဘင်နီတက်ဇ်ကတော့ လက်ရှိ နယူးကာဆယ်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ မှာ ရပ်တည်နေသလို ရော်ဂျာကလည်း စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကို တာဝန်ယူကိုင်တွယ်နေ ပြီး အဆင့် ၁ နေရာကို ရယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် ထူးခြားချက်ကတော့ ဘရန်ဒန်ရော်ဂျာရော ဘင်နီတက်ဇ် နှစ်ဦးစလုံးက လီဗာပူး နည်းပြဟောင်းတွေ ဖြစ်နေတာ ဖြစ်ပြီး ဘင်နီတက်ဇ်က ၂၀၀၄ ကနေ ၂၀၁၀ အထိလည်းကောင်း၊ ဘရန်ဒန်က ၂၀၁၂ ကနေ ၂၀၁၅ အထိအသီးသီး တာဝန်ယူခဲ့ကြတာပါ။

Share

Loading Next Article...
က္က