တရုတ်မှာ နာမည်တစ်မျိုးနဲ့ မိတ်ဆက်ထားပါတယ်

Tencent ရဲ့ MOBA ဂိမ်းအမျိုးအစားဖြစ်တဲ့ PUBG Mobile ဟာ ၂၀၁၉ ခုနှစ်အတွက် တရုတ်နိုင်ငံပြင်ပ ဝင်ငွေအမြင့်ဆုံး ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဂိမ်းဈေးကွက်အချက်အလက်တွေကို သုတေသနလုပ်နေတဲ့ Sensor Tower ကုမ္ပဏီရဲ့ အစီအရင်ခံစာအရ PUBG Mobile ဟာ ဝင်ငွေ ဒေါ်လာ ၇၇၆ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီဝင်ငွေဟာ ၂၀၁၈ အတွက် တရုတ်ရဲ့ နိုင်ငံခြားဈေးကွက် ဝင်ငွေအများဆုံး Knives Out ဟာ ဒေါ်လာ ၄၆၅ သန်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ Sensor Tower ဟာ PUBG Mobile ရဲ့ iOS App Store နဲ့ Google Play Store ပေါ်က ဝင်ငွေတွေကို တွက်ချက်ခဲ့တာပါ။


Photo: entrackr

PUBG Mobile ဟာ ဝင်ငွေအများဆုံး ထိပ်တန်းဂိမ်း ၃၀ မှာ ပါရှိပြီး ဇန်နဝါရီကနေ ဒီဇင်ဘာအတွင်း လအလိုက်ဝင်ငွေဟာ ၃၉% မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီဂိမ်းရဲ့ ဝင်ငွေ သုံးပုံတစ်ပုံ (၃၃.၅%)ဟာ အမေရိကန်ဂိမ်းကစားသူတွေဆီကနေ ဝင်တာပါ။ Tencent နဲ့ PUBG Corp တို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ PUBG Mobile ဟာ တရုတ်မှာ အပိတ်ခံထားရပါတယ်။

Tencent ဟာ မေလထဲမှာ PUBG Mobile ကို တရုတ်ဈေးကွက်မှာ Game For Peace (Peacekeeper Elite) နာမည်သစ်နဲ့ ဝင်ငွေရှာခွင့် ရခဲ့ပြီးနောက် Skin နဲ့in-item ဂိမ်းပစ္စည်း အရောင်းအဝယ်နဲ့အခုလို ဝင်ငွေသစ် ရလာခဲ့တာပါ။ Game For peace ဟာ အသက် ၁၆ နှစ်နဲ့အထက် လူငယ်တွေ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပြီး အသက် ၁၆ နှစ်နဲ့၁၈ နှစ်အကြား ဂိမ်းကစားသူများကို တစ်ရက် ၂ နာရီပဲ ကစားခွင့် ကန့်သတ်ထားပါတယ်။


Photo: technode

Apple ရဲ့ တရုတ် iOS app store ကို မိတ်ဆက်တဲ့ ပထမဆုံး ၃ ရက်အတွင်းမှာ ဒေါ်လာ ၁၄ သန်း ဝင်ခဲ့ပါတယ်။ ဈေးကွက်ဝင်ရောက်မှု တရုတ်ဗားရှင်း Game For Peace နဲ့ PUBG Mobile တို့ ဂိမ်းနှစ်မျိုးပေါင်း ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံကျော် ခဲ့ပါတယ်။ ဈေးကွက်အောင်မြင်မှုတွေ ရထားပေမယ့် PUBG Mobile ကို အိန္ဒိယ ၊ ယူအေအီး ၊ နီပေါနဲ့ အီရတ်တို့မှာ ပိတ်ပင်ခံခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားဈေးကွက်တွေမှာ ဝင်ငွေအများဆုံးရခဲ့တဲ့ ထိပ်တန်း မိုဘိုင်းဂိမ်း ၁၀ မျိုးစာရင်းမှာ PUBG Mobile နဲ့အတူ Rise of Kingdoms ၊ AFK Arena ၊ Mobile Legends ၊ Knives Out ၊ Call of Duty: Mobile ၊ Guns of Glory ၊ King of Avalon ၊ Mafia City နဲ့ Lords Mobile တို့ ပါဝင်နေပါတယ်။

Share

Loading Next Article...
က္က