ဖွေးဖွေးကတော့ နာမည်ကြီးရုပ်ရှင် ကုမ္မဏီတစ်ခုနဲ့ အလုပ်သဘောအရ စာချုပ်ချုပ်ခဲ့တာကြောင့် အဆိုပါကုမ္ပဏီဟာ စာချုပ်ပါ စည်းကမ်းချက်တွေအရ အနုပညာကြေးတွေ မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဖွေးဖွေးနဲ့အတူ နောက်ထပ် အနုပညာရှင်များစွာလည်း ပါဝင်တယ်လို့ သိရပါတယ်။
Photo: Amazing Grace
သရုပ်ဆောင် ဖွေးဖွေးကတော့ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်ကြသူတွေကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။ Iflix ကနေ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံအတွင်းက အနုပညာရှင်အများစုကို စာချုပ်ပါ အချက်တွေအတိုင်း အနုပညာကြေးတွေ မပေးခဲ့တဲ့အကြောင်းကို ရင်ဖွင့်ပြောပြထားပါတယ်။
" iflix ကကျွန်မအပါအဝင် မြန်မာပြည်က အနုပညာရှင်အများစု ကို ထိုက်သင့်တဲ့ စာချုပ်က အတိုင်း အနုပညာကြေးများ မပေးချေသွားပါဘူး။ အမှန်တရားတခု ပြောသင့်ပြောပြထိုက်တာတစ်ခုကို ပြောပြအသိပေးရုံပါ။ ဖွေး ဘာမှမဖြစ်ပါဘူး စိတ်ထားတတ်ပြီးသားပါ သူ့တန်ဖိုးသူသတ်မှတ်တာပါ။ ကိုယ်လည်းကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ။ တခြားမှန်ကန်ရိုးသားသူတွေနဲ့ အလုပ်တစ်ဝကြီးဆက်လုပ်ရဦးမှာမို့ မြန်မာပြည်မှာ နောက်ထပ် အဲ့ဒီလိုနိုင်ငံခြား company တွေလူလည်လာမကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်။ ကိုယ့်ကို ကြားက ဆက်သွယ်အလုပ်လုပ်ခဲ့တဲ့ iflix က ဘယ်မြန်မာကိုမှလည်း နာမည်တတ်မပြောချင်တော့ပါဘူး။ Have a good life" ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁ နာရီကျော်က သူမရဲ့ Facebook Page မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Amazing Grace
ဖွေးဖွေးရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာနေပြီဖြစ်ပါတယ်။ အကယ်ဒမီ ဆုတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ပြည်ပနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေအပေါ် အခုလို လုပ်တာ မနှစ်သက်ဘူးလို့ ဆိုပါတယ်။
"ဘယ်တော့မှ ကိုယ့်ကြောင့်လူတွေကို စဒုက္ခမပေးချင်ဘူး ။ မထင်ထားတဲ့ လူတွေက အဲ့ဒီလိုလုပ်တတ်တာလား။
ဒါပေမယ့် ကိုယ်မှန်ရင်တော့ခေါင်းငုံ့ခံနေလို့လဲမရပြန်ဘူး။ မြန်မာပြည်ကလူတွေကို အဲ့လိုလာလုပ်လို့ရတာလားဟင်" လို့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။
Photo: Phway Phway
ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။