ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆ဝနဲ့ သဘောတူညီခဲ့တာပါ။

ကစားသမားရဲ့ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ်မူတည်ကာ နောက်ထပ်အပိုဆောင်းငွေပေးချေဖို့အတွက် သဘောတူညီထားပြီး မြင့်မားတဲ့တန်ဖိုးတစ်ခုဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။


ဂျေဒန်ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်လာဖို့ နောက်တဆင့်နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန်နဲ့ ယူနိုက်တက်တို့ကြားမှာ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီလို့ Independent သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ဆန်ချိုကို လာမယ့်စျေးကွက်အတွငး်မှာပဲ ယူနိုက်တက်က ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ဆန်ချိုအနေနဲ့ ယူနိုက်တက်နဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေကို ပြုလုပ်နိုင်မယ်လို့ မျှော်လင့်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဒေါ့မွန်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေသွားရဖို့ရှိတယ်လို့သိရပါတယ်။ အသက် ၂၀ အရွယ် ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ အထိ ယူနိုက်တက်က ပေးချေရမှာလည်းဖြစ်ပါတယ်။ 

ဒီနောက်မှာ ကစားသမားရဲ့ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ်မူတည်ကာ နောက်ထပ်အပိုဆောင်းငွေပေးချေဖို့အတွက် သဘောတူညီထားပြီး မြင့်မားတဲ့တန်ဖိုးတစ်ခုဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ အဆိုပါပမာဏဟာ အနည်းဆုံးပေါင်သန်း ၁ဝဝရှိမှာဖြစ်ပြီးတော့ ပေါင် ၁၀၉သန်းအထိ မြင့်တက်သွားဖွယ်ရှိတယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဒါဟာ ဒေါ့မွန်ဘက်က အလိုရှိနေခဲ့တဲ့ ပြောင်းရွှေ့ကြေးဖြစ်ပြီး ယူနိုက်တက်အနေနဲ့ လုံးခနဲပေးချေသွားရမှာမဟုတ်ဘဲ အောင်မြင်မှုအလိုက်ထပ်မံပေးချေသွားဖို့အတွက် စီစဉ်ခဲ့ဖွယ်ရှိပါတယ်။ အင်္ဂလန်မီဒီယာအများအပြားမှာတော့ ဆန်ချိုနဲ့ ယူနိုက်တက်သတင်းကို ဖော်ပြနေခဲ့ပြီဖြစ်ပြီး နှစ်ဖက်အသင်းကတော့ တစ်စုံတစ်ရာမှတ်ချက်ပြု၊ အတည်ပြုမှုတော့ မရှိသေးတာကိုလည်း တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က