ယူရိုသန်း၁၃ဝပေးချေပြီး ခေါ်ယူလိုတဲ့အသင်းတွေရှိနေဆဲပါ။

အင်္ဂလန်တောင်ပံကစားသမားကို ခေါ်ယူလိုတဲ့ အသင်းများစွာရှိနေခဲ့ပြီး ပရီးမီးယားလိဂ်အသင်းအများစုကလ ည်း စိတ်ဝင်စားနေခဲ့တာပါ။

ဒေါ့မွန်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဥရောပအသင်းကြီးများစွာရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ တောင်ပံကစားသ မား ဆန်ချိုကိုခေါ်ယူလိုပါက အနည်းဆုံးယူရိုသန်း ၁၃ဝနဲ့ပိုများတဲ့ပမာဏတစ်ခုကို ပေးချေရမယ်လို့ ပြောင်းရွှေ့ ကြေးတစ်ရပ်သတ်မှတ်ပေးခဲ့မှုကို espn က ဖော်ပြလာပါတယ်။

ဆန်ချိုကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းကြီးအများစုပါဝင်နေခဲ့ပြီး ဒီကနေ့မနက်ပိုင်းသတင်းထွက်ပေါ် မှုတွေအရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့အထိ လုပ်ဆောင်နေပြီဖြစ် တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။



“ ဒေါ့မွန်အသင်းကတော့ ဒီလိုအခြေအနေအတွက် အတွေ့အကြုံရှိပြီးသားပါ။ အပြောင်းအရွှေ့စျေးကွက်ဖွင့်လှ စ်ခါနီးဆိုရင် ဘဏ္ဍာရေးတောင့်တင်းတဲ့အသင်းကြီးတွေက ဒေါ့မွန်ရဲ့လူစာရင်းကို အမြဲမျက်စပစ်နေကြပါ။ ဆန် ချိုအတွက်ကတော့ တန်ကြေးတစ်ရပ်ချမှတ်ထားပြီပါပြီ ”လို့ ဒေါ့မွန်အသင်းစီအီးအိုဂျိုအာချင်ဝစ်ဇ်ကီက အတ ည်ပြုပြောဆိုလိုက်တာပါ။

ကစားသမားဖြစ်သူကိုယ်တိုင်ကတော့ အနာဂတ်ကာလအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့အ တွက် ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းသင်းကို ရွေးချယ်ဖို့ရှိနေခဲ့ပြီးအတည်မပြုနိုင်တဲ့သတင်းရင်းမြစ်အချို့ အရ ချဲလ်ဆီးအသင်းနဲ့ချိတ်ဆက်မှုအချို့ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

ဂျာမနီကလာတဲ့ သတင်းရင်းမြစ်အချို့အပေါ် espn က ကိုးကားဖော်ပြခဲ့ရာမှာ ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုကို လက်မလွှတ်ရဖို့အတွက် အဓိကထားပြင်ဆင်နေပေမယ့် ကစားသမားဖြစ်သူကိုတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြ ည့်ပေးထားခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က