၂၀၁၈ခုနှစ်က လက်မှတ်ထိုးခဲ့တာပါ။

ချစ်တဲ့သူနဲ့ အတူတူ ရွှေလက်တွဲခွင့်ရလို့ အမရာငြိမ်းတစ်ယောက် ပျော်လို့နေပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်က နှစ်ဦးသဘောတူ စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။

Photo; loveDiary

အလှမယ် အမရာငြိမ်းနဲ့ မောင်သော်ဇင်ကျော်ကျော်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကြီးကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲမှာ အနုပညာအသိုင်းအဝိုင်းထဲက သူငယ်ချင်းများက သတို့သားအရံ၊ သတို့သမီးအရံများအဖြစ် ပါဝင်ကူညီ ပေးခဲ့ကြပါသေးတယ်။

Photo; loveDiary

အမရာငြိမ်းရဲ့ မင်္ဂလာဧည့်ခံပွဲမှာတော့ အနုပညာသူငယ်ချင်း အပေါင်းအသင်းတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ အမရာငြိမ်းကတော့ သူမကို အရမ်းချစ်တဲ့သူမျိုးကို ရထားတဲ့ အချစ်ရေးက သာယာပြီး ပျော်စရာကောင်းတယ်လို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ အလှမယ် အမရာငြိမ်းကတော့ ချစ်တဲ့သူနဲ့အတူ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလထဲက နှစ်ဦးသဘောတူ စေ့စပ်လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကို တစ်နှစ်ကျော်ကြာမှ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo; loveDiary

အမရာငြိမ်းကိုတော့ ပရိသတ်တွေက Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Miss Universe Myanmar 2013 ခုနှစ်မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို Miss Universe Myanmar 2018 ပြိုင်ပွဲ မှာလည်း အလှမယ် ဝင်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ ကလေးဘဝတုန်းက Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က