အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဗစ်ကူးစက်ခံရတာ လုံးဝမဟုတ်ကြောင်း ဦးဇော်ဌေးက ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတွေ သတင်းတုတွေ အထင်အရှားပေါ်ပေါက်လာပါက ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ဒါ့အပြင် လတ်တလောလူမှုကွန်ရက်ပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ပိုး တွေ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ လုံးဝမဟုတ်ကြောင်း အတိုင်ပင်ခံရဲ့ ကျန်းမာရေး အထူး (အထူး) ကောင်းမွန်ကြောင်း ဦးဇော်ဌေးက ဆိုပါတယ်။



" ဒါ့အပြင် လူ အစားထိုးတယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်။ လုံးဝ မှားယွင်းတဲ့ သတင်းတုတွေပဲ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေနဲ့ ပတ်သက်ပြီး လုပ်ကြံဖန်တီးတဲ့သတင်းမှားတွေ၊ ချဲ့ကားရေးသားတဲ့ သတင်းတုတွေနဲ့ ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်။ "“လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဓာတ်ပုံ- ဆူးနစ် (NPT) / စက်တင်ဘာ (၁၉) ရက်က နေပြည်တော်မှာ NLD ကိုထောက်ခံတဲ့ယာဉ်တန်းကို နိုင်ငံတော်အတိုင်ပင်ခံစောင့်ကြည့်နေစဉ်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ ရောက်နေတာနဲ့အမျှ သတင်းမှားတွေ၊ လုပ်ကြံဖန်တီးတဲ့သတင်းတွေ ပိုပြီး များလာတာကို တွေ့ရပြီး ဒီလို သတင်းမှားထုတ်လွှင့်တဲ့ ဖေ့ဘုတ်ပေ့ချ်နဲ့ ပတ်သက်လို့ နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်နေတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“ ဘယ်သူတွေက သတင်းမှားလုပ်ကြသလဲ၊ ရည်ရွယ်ချက်က ဘာလဲ သာမန်အားဖြင့် စဉ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page နဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ထမ်းအချို့နဲ့ သမ္မတရုံးဝန်ထမ်းတွေ အပါအဝင် ဆက်စပ်မှု ရှိသူတစ်ချို့မှာ ကိုဗစ်ပိုးတွေ့ရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း ဓာတ်ခွဲစစ်ဆေးရာ တတိယအကြိမ်မှာ ကိုဗစ်ပိုးတွေ့ခဲ့ကြောင်း Forward media group စာမျက်နှာက တင်ထားခဲ့ရာမှာ ဦးဇော်ဌေးက လုံးဝမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က