ကစားသမားဖြစ်သူကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြန်လာလိုနေခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နွေရာသီကစားသမားအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူဖို့ရှိနေ တာပါ။

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူခဲ့ခြင်းမရှိတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လာမ ယ့်ရာသီသစ်အတွက် အရှိန်အဟုန်မြှင့်ပြင်ဆင်တဲ့အနေနဲ့ ကစားသမားသစ်အချို့ခေါ်ယူဖို့ရှိနေခဲ့ရာမှာ ဒေါ့မွန်အ သင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူးဆန်ချိူကို ခေါ်ယူဖို့အတွက် ဒီကနေ့ စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ daily mail က ဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အေဂျက်ဇ်အသင်းရဲ့ မော်ရိုကိုတောင်ပံကစားသမားဇီရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နော က် ကစားသမားသစ်အချို့ထပ်မံခေါ်ယူဖို့ ခြေလှမ်းစခဲ့တာဖြစ်ပြီး ဥရောပထိပ်သီးအသင်းအချို့ရဲ့စိတ်ဝင်စားခြ င်းခံနေရတဲ့ ဆန်ချိုကိုလည်း လက်ရှိမှာ တရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။



ဆန်ချိုကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်၊ မ န်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်က လူငယ်ကစားသမားတွေကိုအ ခွင့်အရေးပေးအသုံးပြုနေတဲ့ ချဲလ်ဆီးနည်းပြလမ်းပတ်နဲ့လက်တွဲဖို့ ပိုပြီးဆန္ဒပြင်းပြနေတယ်လို့လည်း သတင်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

မန်စီးတီးလူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့တဲ့ ဆန်ချိုအနေနဲ့ လက်ရှိဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ပွဲ ၂ဝကစားပြီး ၁၃ဂိုးအထိသွင်းယူထားခဲ့သလို ၁၃ဂိုးအထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ စံချိန်မှတ်တမ်းကောင်းတစ် ခုကိုလည်း တင်ထားသူဖြစ်ပါတယ်။

Francefootball ရဲ့ဖော်ပြချက်မှာတော့ ဆန်ချိုဟာ ချဲလ်ဆီးနည်းပြလမ်းပတ်နဲ့အကြား ပုဂ္ဂိုလ်ရေးသဘောတူညီ မှုအချို့ရရှိခဲ့ခြင်းနဲ့အတူ လက်ရှိမှာလည်း တရားဝင်ဆွေးနွေးမှုအချို့စတင်ပြုလုပ်နေပြီဖြစ်တယ်လို့သတင်း ဖော် ပြမှုအချို့ရှိခဲ့တယ်လို့ အခိုင်အမာသတင်းဖော်ပြမှုအချို့လည်း ရှိနေခဲ့ပါတယ်။

Share

က္က