ညှင်းပန်းနှိပ်စက်တဲ့ ဖခင်နဲ့ မိထွေးကို ဖမ်းဆီးထားပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က အသက် (၄) နှစ်ကျော်အရွယ်ကလေးငယ်ကို တစ်ဦးတည်း အိမ်မှာထားခဲ့ပြီးဖခင်အရင်းနဲ့ မိထွေးဖြစ်သူက ကော့်စေ့သွားခြစ်ပြီးပြန်လာရာမှာ ကလေးက နို့ဆီနဲ့သကြားကို ခိုးစားခဲ့တာကို တွေ့ရတာကြောင့် ကလေးကို ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

Photo- Hla Hla Win Fb

ဖခင်နဲ့ မိထွေးဖြစ်သူမှာ ကလေးငယ်ကို လက်နှစ်လုံးခန့်ရှိတဲ့ သစ်သားနဲ့ ခန္ဓာကိုယ်အနှံရိုက်ပြီး လက်သီးနဲ့ ပါးကိုထိုးကာ ၁၀ ပေ အမြင့်ကနေ ရေထဲကို ပစ်ချတာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေကျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက Duwun ကိုပြောပါတယ်။

“ကလေးလေးကို အမျိုးမျိုးနှိပ်စက်တာ၊ နံရုံးတွေ၊ ကျောကုန်းတွေ၊ မျက်နှာတွေ ဖူးရောင်ဖောင်းနေတာပဲ။ သူတို့နှိပ်စက်တာကို ဘေးပတ်ဝန်းကျင်က အဘိုးတစ်ယောက် တွေ့ပြီး ကလေးလေးကို ခေါ်သွားတော့မှသက်သာသွားတာ။ “ လို့ ဒေါ်လှလှဝင်းက Duwun ကိုပြောပါတယ်။

ကလေးကို နှိပ်စက်တဲ့ ဖခင်အရင်းနဲ့ မိခင်ဖြစ်သူမှာ အသက် (၂၅) နှစ်အရွယ်ခန့်ရှိပြီး သူတို့နှစ်ဦးကို ရွှေကျင်မြို့နယ်ရဲစခန်းမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Photo- Hla Hla Win Fb

ညှင်းပန်းနှိပ်စက်ခံရတဲ့ကလေးငယ်ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ရွှေကျင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်လှလှဝင်း၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး ၊ အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ကလေးငယ်မှာ ဖခင်နဲ့ မိထွေးက လွဲရင် ဆွေမျိုးမရှိတာကြောင့် ရွှေကျင်မြို့က ပရဟိတကျောင်းတစ်ကျောင်းကို ပို့ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က